သြစီနိုင်ငံသား အာဖဂန်မှာ ပြန်ပေးဆွဲခံရ

Jalalabad မြို့က လုံခြုံရေး သမား (Credit: Reuters) 
သြစတြေးလျ ​နိုင်ငံက ​ကူညီကယ်ဆယ်ရေး ​အမျိုးသမီး ​တစ်ယောက်ဟာ ​အာဖဂန် ​နစ္စတန်နိုင်ငံ ​အရှေ့ပိုင်း ​Jalalabad ​မြို့မှာ ​ပြန်ပေးဆွဲခံရတယ်လို့ ​သိရပါတယ်။

သြစတြေးလျ ​နိုင်ငံသူ ​Kerry ​Jane ​Wilson ​ဟာ ​ရုံးမှာရှိနေစဉ်အတွင်း ​စစ်ဝတ်စုံ ​ဝတ်ထားသူတွေက ​ဖမ်းဆီးခဲ့တာလို့ ​ဆိုပါတယ်။

အသက် ​၆၀ ​အရွယ် ​Kerry ​Jane ​ဟာ ​ဒိန်းမတ်နိုင်ငံက ​ကူညီကယ်ဆယ်ရေး ​အဖွဲ့တစ်ခုရဲ့ ​အမှုထမ်းဖြစ်ခဲ့ပေမယ့် ​အခုအခါမှာ ​အဲဒီ ​အဖွဲ့မှာ ​အလုပ်မလုပ်ဘူးလို့ ​သိရပါတယ်။

သူ့ကို ​ဘယ်သူ၊ ​ဘယ်အဖွဲ့က ​ဘယ်ကို ​ခေါ်သွားသလဲ ​ဆိုတာ ​မသိရသေးသလို ​ငွေကြေး ​ဘယ်လောက်နဲ့ ​လာရွေးပါ ​ဆိုတဲ့ ​တောင်းဆိုမှုတွေလည်း ​မရှိသေးပါဘူး။

Jalalabad ​မြို့ဟာ ​ပါကစ္စတန်နိုင်ငံနဲ့ ​နီးတဲ့ ​မြို့ဖြစ်သလို ​တာလီဘန် ​အဖွဲ့နဲ့ ​IS ​အစ္စလာမ်မစ် ​အဖွဲ့တွေ ​လှုပ်ရှားမှု ​များတဲ့ ​နေရာလည်း ​ဖြစ်ပါတယ်။

သြစတြေးလျ ​အစိုးရကတော့ ​ဒီကိစ္စကို ​စုံစမ်းနေဆဲ ​ဖြစ်ပြီး ​တကယ် ​ဖမ်းဆီးခံရမယ်ဆိုရင် ​Kerry ​Jane ​လွတ်မြောက်လာဖို့အတွက် ​လုပ်ဆောင်မယ်လို့ ​ပြောလိုက်ပါတယ်။

အသက် ​၉၀ ​အရွယ် ​Kerry ​Jane ​Wilson ​ရဲ့ ​ဖခင် ​Brian ​Wilson ​ကတော့ ​သူ့သမီးဟာ ​အဲဒီဒေသမှာ ​အလုပ်လုပ်ရင် ​အန္တာရာယ် ​ရှိတယ်ဆိုတာကို ​သိသိကြီးနဲ့ ​နှစ်ပေါင်း ​၂၀ ​ကျော်ကြာ ​အလုပ်လုပ်လာသူ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

ပြန်ပေးဆွဲ ​ခံရတဲ့ ​သတင်းကြောင့် ​ဖခင်ဖြစ်သူက ​စိုးရိမ်မကင်းမှု ​ဖြစ်နေပြီး ​သူ့သမီးကို ​အနာတရ ​ဖြစ်အောင် ​မလုပ်ကြဖို့ ​ဖမ်းဆီးထားသူတွေကို ​ပန်ကြား ​ပြောဆိုလိုက်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
သြစီနိုင်ငံသား အာဖဂန်မှာ ပြန်ပေးဆွဲခံရ  သြစီနိုင်ငံသား အာဖဂန်မှာ ပြန်ပေးဆွဲခံရ Reviewed by THITHTOOLWIN on 15:15 Rating: 5
Powered by Blogger.