မန္တလေးတိုင်းအစိုးရအဖွဲ့ အတည်ပြု

 မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးဌာန ၇-ခုနှင့် ၀န်ကြီးများ တာဝန်ပေး အပ်

ဧပြီ ၅ ။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးဌာန(၆)ခုအတွက် တာဝန်ပေး ဖွဲ့စည်းခြင်းကိုယနေ့ နံနက် ၉-နာရီကပြုလုပ်သည့် တိုင်းဒေသကြီးလွှတ်ေ တာ် ပထမပုံမှန်အစည်းအဝေး(ဒဿ မနေ့) တွင် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပြီး စုစုပေါင်းဝန်ကြီးဌာန ၇-ခုရှိကြောင်းသိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနအပါအ၀င် ၀န်ကြီးဌာနပေါင်း၇-ခုဖြင့်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး ၀န်ကြီးဌာန(၆)ခုတွင်တာဝန် ယူမည့် ၀န်ကြီးများက ကျမ်းသစ္စာပြုခဲ့ကြသည်။

ဖွဲ့စည်းခဲ့သည့် ၀န်ကြီးဌာနများမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန (ဗိုလ်မှူးကြီး မျိုးမင်းအောင်)၊ စည်ပင် သာယာရေးဝန်ကြီးဌာန (ဒေါက်တာ ရဲလွင်)၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန(ဒေါက်တာ စိုးသန်း)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (ဦးမျိုးသစ်)၊ လျပ်စစ်၊ စွမ်းအင်နှင့်ဆာက်လုပ်ရေးဝန်ကြီးဌာန(ဦးဇာနည်အောင်)၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန(ဦးမြတ်သူ)နှင့် တိုင်းရင်းသားရေးရာ ၀န်ကြီးဌာန(ဦးစိုင်းကျော်ဇော) တို့ဖြစ်သည်။

Mandalay News

မန္တလေးတိုင်းအစိုးရအဖွဲ့ အတည်ပြု  မန္တလေးတိုင်းအစိုးရအဖွဲ့ အတည်ပြု Reviewed by THITHTOOLWIN on 15:52 Rating: 5
Powered by Blogger.