မိုးသီးမုန်တိုင်း တိုက်ခတ်နိုင်ကြောင်း မိုး/ဇလ သတိပေး


ယနေ့မြန်မာစံတော်ချိန်(၁၄း၃၀)နာရီအချိန် မိုးလေဝသတိုင်းထွာချက်များအရ အရှေ့ဘက်နှင့် အနောက်ဘက်တို့မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် လည်းကောင်း၊ နေ့အပူချိန်များ မြင့်တက်၍ လေထုမငြိမ်သက်မှုများကြောင့် လည်းကောင်း(၂၉.၄.၂၀၁၆)ရက်နေ့မှ (၅.၅.၂၀၁၆)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲနှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် မွန်းလွဲညနေပိုင်းတို့၌ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။

 မိုးရွာသွန်းစဉ် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
https://www.facebook.com/dmhmoezalanaypyitaw/
မိုးသီးမုန်တိုင်း တိုက်ခတ်နိုင်ကြောင်း မိုး/ဇလ သတိပေး  မိုးသီးမုန်တိုင်း တိုက်ခတ်နိုင်ကြောင်း  မိုး/ဇလ သတိပေး Reviewed by THITHTOOLWIN on 19:14 Rating: 5
Powered by Blogger.