တာဝန်ယူနိုင်မှ ခွေးမွေးပါဟု ရန်ကုန်မြို့တော်ဝန် ပြော


ရန်ကုန်မြို့တွင် ခွေးလေခွေးလွင့်များ တနေ့တခြား များပြားလာနေသည့်အတွက် တာဝန်ယူနိုင်မှ ခွေးမွေးစေချင် ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မှတ်ချက်ပြုခဲ့သည်။
ဧပြီ ၁၉ ရက်က ၎င်း၏ လူမှုကွန်ရက်ဖေ့ဘွတ်ခ်စာမျက်နှာတွင် မြို့တော်ဝန်က အထက်ပါအတိုင်း မှတ်ချက်ပြု ခဲ့ခြင်း ဖြစ်သည်။
''တချို့တွေဟာ အိမ်မရှိဘဲခွေးမွေးချင်ပါတယ်။ ဒီလိုနဲ့ပဲ ခွေးလေးတွေဟာ တကောင်စ၊ နှစ်ကောင်စနဲ့ အစုအဖွဲ့ ဖြစ်လာပါတယ်။ ဒီအခါ ခွေးလေခွေးလွင့်သဘောမျိုး ဖြစ်သွားပြီး ရှင်းရတဲ့အခါ သူ့အသတ်သတ်သလို ဖြစ်သွား ပါတယ်'' ဟု ၎င်းက ရေးသားခဲ့သည်။

အစိုးရ၀န်ထမ်းများအနေဖြင့် တနေရာမှတနေရာသို့ ပြောင်းရွှေ့ရသည့်အခါ မိမိတို့မွေးထားသည့် ခွေးများ၊ ကြောင်များကို ခေါ်ဆောင်သွားလေ့မရှိကြောင်း မြို့တော်ဝန်က ဆက်လက်ရေးသားခဲ့သည်။
''မြန်မာနိုင်ငံဖြစ်ရက်နဲ့ ကျူးကျော်ဘ၀ အမည်တပ်ခံရလို့ ဘယ်လိုဖြေရှင်းရမလဲလို့ ဦးစားပေး စဉ်းစားနေချိန်မှာ ခွေးလေခွေးလွင့်များအတွက်လည်း စဉ်းစားရပြန်တယ်။ ခွေးဂေဟာတွေကလည်း အကန့်အသတ်ရှိနေပြန်ပါ သေးတယ်။ ခွေးတွေကို တတ်နိုင်သမျှတော့ သားကြောဖြတ်ဖို့ လုပ်လိုက်သည့်တိုင် အင်တိုက်အားတိုက်တော့ မလုပ်နိုင်ပါဘူး။ အကိုင်အတွယ်လည်း ခက်ပါတယ်။ အကန့်အသတ်ရှိနေလို့ပါ။ အကောင်းဆုံးကတော့ ခွေးမွေး မယ်ဆိုရင် ကိုယ့်ခွေးကိုယ် တာဝန်ယူနိုင်ရင် ခွေးလေခွေးလွင့် ပြဿနာကင်းသွားပါမယ်။ အခုတော့ ရှိနေဆဲ ခွေးလေခွေးလွင့်တွေအတွက် အကောင်းဆုံးစဉ်းစားနေပါတယ်''ဟု ဦးမောင်မောင်စိုးက ဆက်လက်ရေးသားခဲ့ သည်။

ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ကြီးဖြစ်ပြီး မြန်မာနိုင်ငံတွင် လူဦးရေ အများဆုံးမြို့ကြီးလည်း ဖြစ်သည်။ ရန်ကုန်မြို့တွင် ခွေးလေခွေးလွင့်များ တနေ့တခြား များပြားလာနေပြီး ခွေးကိုက်ခံရမှုများရှိလာနေ သည့် အတွက် ခွေးရူးရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသည့်ကလေးများ ရန်ကုန်ကလေးဆေးရုံကြီးသို့ နေ့စဉ်နီးပါး လာရောက်ကုသမှုခံယူနေရကြောင်း အဆိုပါဆေးရုံမှ သိရှိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ခွေးလေခွေးလွင့် များကို ရှင်းလင်းရာတွင် ယခင်က အဆိပ်ကျွေးပြီး သုတ်သင်သည့်နည်းလမ်းဖြင့် အများဆုံးရှင်းလင်းခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီထံမှ သိရှိရသည်။

နန္ဒမျိုးဆောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

တာဝန်ယူနိုင်မှ ခွေးမွေးပါဟု ရန်ကုန်မြို့တော်ဝန် ပြော  တာဝန်ယူနိုင်မှ ခွေးမွေးပါဟု ရန်ကုန်မြို့တော်ဝန် ပြော Reviewed by THITHTOOLWIN on 16:49 Rating: 5
Powered by Blogger.