ရခိုင်ရိုးရာ ယဉ်ကျေးမှု သင်္ကြန်ပွဲတော် (ရန်ကုန်) ၏ ရခိုင်ရိုးရာ နံ့သာ သွေးပွဲ ယနေ့ စတင် ကျင်းပ

ရခိုင်ရိုးရာ ယဉ်ကျေးမှု သင်္ကြန်ပွဲတော် (ရန်ကုန်) ၏ ရခိုင်ရိုးရာ နံ့သာ သွေးပွဲ မြင်ကွင်း (ဆင်ဟွာ)
    ရန်ကုန် ၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

    ရခိုင်ရိုးရာ ယဉ်ကျေးမှု သင်္ကြန်ပွဲတော် (ရန်ကုန်) ၏ ရခိုင်ရိုးရာ နံ့သာ သွေးပွဲကို ယနေ့ ဧပြီလ ၁၁ ရက်တွင် ရန်ကုန်မြို့ ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံ၌ စတင် ကျင်းပ ပြုလုပ်ခဲ့သည်။

ယခုကဲ့သို့ ရခိုင် တိုင်းရင်းသားများ၏ ရခိုင်ရိုးရာ နံ့သာ သွေးပွဲ ကျင်းပ ပြုလုပ်ရခြင်းသည် မြတ်စွာဘုရားရှင်အား နံ့သာ ရေဖြင့် သပ္ပာယ် ပူဇော်ရန် ဖြစ်ပြီး ဘုရားရှင်အား ရေမသပ္ပာယ်ဘဲ ရေမကစားကြခြင်းသည် ရခိုင် တိုင်းရင်းသားများ၏ ထူးခြားသည့် သင်္ကြန် သင်္ကေတ တစ်ခုဖြစ်ကြောင်း ရခိုင်ရိုးရာ ယဉ်ကျေးမှု သင်္ကြန်ပွဲတော် (ရန်ကုန်) ကျင်းပရေး ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒေါ်မြမေက ပြောကြားခဲ့သည်။


ရခိုင်ရိုးရာနံ့ သာသွေးပွဲသို့  မြို့ နယ် အသင်း ၁၅ သင်းမှ ရခိုင်တိုင်းရင်းသူ ၁၅၀ ဦးမှ ပါဝင်ယှဉ်ပြိုင် ခဲ့ပြီး နံ့သာသွေး ပြိုင်ပွဲ၏ စည်းကမ်းချက်များ အဖြစ် တူညီဝတ်စုံ ဝတ်ဆင်ခြင်း ၊ နံ့သာသွေး ပြိုင်ရာတွင် သပ်ရပ် သေသပ်မှု ရှိခြင်း ၊ ပြိုင်ပွဲ စည်းကမ်းများကို လေးစား လိုက်နာမှု ရှိခြင်း ၊ နံ့သာရည် အနှစ် ပမာဏ အများဆုံး ရရှိခြင်း တို့ အပေါ် အကဲဖြတ် အမှတ်ပေးစနစ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


နှစ်စဉ် ကျင်းပ ပြုလုပ်လာခဲ့သည့် ရခိုင်ရိုးရာ ယဉ်ကျေးမှု သင်္ကြန်ပွဲတော် (ရန်ကုန်) သည် ယခုနှစ်တွင် (၁၃) ကြိမ်မြောက် ဖြစ်ပြီး ယနေ့ ဧပြီလ ၁၁ ရက်တွင် နံ့ သာသွေးပွဲ ၊ ဧပြီ ၁၂ ရက်တွင် ဘုရား ရေသပ္ပာယ်ပွဲနှင့် သင်္ကြန်ဖွင့်ပွဲ ၊ ဧပြီ ၁၃ ရက် သင်္ကြန်အကျနေ့ မှ ၁၆ ရက် သင်္ကြင်္န် အတက်နေ့ အထိ သင်္ကြန် ရေလောင်းပွဲအား ရန်ကုန်မြို့ ရှိ သုဝဏ္ဏ အားကစားကွင်း၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။


ရခိုင်ရိုးရာ နံ့သာ သွေးပွဲကို မြို့ နယ် ၁၅ မြို့ နယ် ဖြစ်သည့် ကျောက်တော် မြို့ နယ်အသင်း၊ မြောက်ဦး မြို့ နယ် အသင်း၊ ရမ်းဗြဲ မြို့ နယ်အသင်း၊ ရသေ့တောင် မြို့ နယ် အသင်း ၊ ကျောက်ဖြူ မြို့ နယ်အသင်း ၊ မာန်အောင် မြို့ နယ်အသင်း ၊ ပုဏ္ဏားကျွန်းမြို့ နယ်အသင်း  ၊ မြေပုံမြို့ နယ်အသင်း၊ ဘူးသီးတောင် မြို့ နယ်အသင်း ၊ စစ်တွေ မြို့ နယ် အသင်း၊ မင်းပြားမြို့ နယ် အသင်း၊ ရခိုင်မောင်မယ် တံမျက်စည်း လှည်း အသင်း ၊ လေးတောင် တိုက်နယ် မြို့ နယ်အသင်း ၊ လေးဝတီ ကုလရက္ခိတ မြို့ နယ် အသင်းနှင့် ရခိုင်အမျိုးအသီး အသင်း စသည့် အသင်းပေါင်း ၁၅ သင်း ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။


၂၀၁၆ ခုနှစ် ၊ ၁၃ ကြိမ်မြောက် ရခိုင်ရိုးရာ ယဉ်ကျေးမှု သင်္ကြန် ပွဲတော်အား ရန်ကုန် တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးပြီး ရခိုင် စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ (ရန်ကုန်) နှင့် မြို့ နယ် အသင်းများ ၊ ရခိုင်လူမှုရေး အသင်းအဖွဲ့ အစည်းများ စုပေါင်း ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

 (Xinhua)
http://www.xinhuamyanmar.com
ရခိုင်ရိုးရာ ယဉ်ကျေးမှု သင်္ကြန်ပွဲတော် (ရန်ကုန်) ၏ ရခိုင်ရိုးရာ နံ့သာ သွေးပွဲ ယနေ့ စတင် ကျင်းပ  ရခိုင်ရိုးရာ ယဉ်ကျေးမှု သင်္ကြန်ပွဲတော် (ရန်ကုန်) ၏ ရခိုင်ရိုးရာ နံ့သာ သွေးပွဲ ယနေ့ စတင် ကျင်းပ Reviewed by THITHTOOLWIN on 18:27 Rating: 5
Powered by Blogger.