ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ကန့် ကွက်သူမရှိ တိုင်းဒေသကြီး လွှတ်တော်မှ အတည်ပြု

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးအား မြင်တွေ့ရစဉ် (ဆင်ဟွာ)
ရန်ကုန် ၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

    ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ အတွက် ဝန်ကြီးဌာန ၆ ခု နှင့် ဝန်ကြီး အရေအတွက် ၆ ဦး အပါအဝင် တိုင်းဒေသကြီး ဥပဒေချုပ် နှင့် စာရင်းစစ်ချုပ်တို့ ခန့် အပ် တာဝန်ပေးနိုင်ရေး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ၏ အဆိုပြု တင်ပြချက်အား ယနေ့ ဧပြီ ၄ ရက်တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ကန့် ကွက်သူမရှိ အတည်ပြုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် အဖြစ် ဦးဖြိုးမင်းသိန်း အပါအဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ၀န်ကြီး အဖြစ် ဗိုလ်မှူးကြီးတင်အောင်ထွန်း ၊ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ၀န်ကြီး အဖြစ် ဦးမြင့်သောင်း ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော နှင့် စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး အဖြစ် ဦးဟံထွန်း ၊ လျှပ်စစ် ၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ၀န်ကြီး အဖြစ် ဒေါ်နီလာကျော် ၊ စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဒေါက်တာမောင်မောင်စိုး ၊ လူမှုရေးဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဦးနိုင်ငံလင်း တို့ ဖြစ်ကြသည်။

ထို့ ပြင် တိုင်းဒေသကြီး ဥပဒေချုပ် အဖြစ် ဦးဟန်ထူး ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်အဖြစ် ဒေါ်ခင်သန်းလှ တို့ အား ခန့် အပ် တာဝန်ပေးရန် အဆိုပြု တင်ပြချက်အား  ကန့် ကွက်သူ မရှိ အတည်ပြုခဲ့သည်။

 (Xinhua)
http://www.xinhuamyanmar.com
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ကန့် ကွက်သူမရှိ တိုင်းဒေသကြီး လွှတ်တော်မှ အတည်ပြု  ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ကန့် ကွက်သူမရှိ တိုင်းဒေသကြီး လွှတ်တော်မှ အတည်ပြု Reviewed by THITHTOOLWIN on 19:27 Rating: 5
Powered by Blogger.