ဟိုပန်မြို့ နယ်တွင်ဖွင့်လှစ်ထားသော ဂိမ်းဆိုင်များကို မိဘပြည်သူမနှစ်မြို့ 


ဧပြီ (၁၀) မေပန်လှ၊ ဟိုပန်။

ဟိုပန်မြို့ နယ်၊ ပန်ကောက်ကျေးရွာအုပ်စု၊ ပန်ကောက်ကျေးရွာ၌ ဂိမ်းဆိုင်များ ဖွင့်လှစ်ထားရှိသည့်အတွက် ကျောင်းသားနှင့် လူငယ်များ အချိန်ကုန်၊ငွေကုန်ကာ အကျင့်စာရိတ္တ ပျက်ပြားမှုများ ရှိနေသည့်အတွက် ဒေသခံ ရဟန်းရှင်လူများက ယင်းဂိမ်းဆိုင်များကို ပိတ်သိမ်းပေးစေလိုကြောင်း သိရသည်။

'၀' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဌက ပြည်သူလူထုနေထိုင်နိုင်ဖို့ ဆောက်ပေးထားတဲ့ တန်ဖိုးနည်းအိမ်ယာအဆောက်အဦမှာ ဒီဂိမ်းဆိုင်တွေကို လာဖွင့်ထားတဲ့အတွက် ပြည်သူလူထုနေထိုင်ဖို့  အခန်းတွေ ဆုံးရှုံးရပါတယ်ဟု ယင်းဂိမ်းဆိုင်များကို အိမ်ယာတွင် လာရောက်ဖွင့်လှစ်ထားသည့်အတွက် နစ်နာရသူတစ်ဦးကပြောပြသည်။

ပန်ကောက်ဈေးနားမှာလည်း ဖွင့်ထားတယ်။ တရားမ၀င် လောင်းကစား ဂိမ်းစက်ကြီးတွေကို လူစည်ကားရာနေရာတွေမှာ အကျအနလာဖွင့်ထားတာ အရေးယူမယ့်သူမရှိတာ အံ့သြစရာပဲ။ ပန်ကောက်ဈေးက အလုပ်သမားတွေလည်း ရတဲ့ပိုက်ဆံ အဲဒီမှာထိုးတာနဲ့ ကုန်တယ်။ အကျင့်ပျက်လာကြတယ်။ ဒီဂိမ်းဆိုင်တွေ မရှိစေချင်ဘူးဟု ဈေးသူဈေးသားများက ပြောသည်။

သို့ ဖြစ်၍ တန်ဖိုးနည်းအိမ်ယာနှင့် ပန်ကောက်ဈေးအနီးတွင်ဖွင့်လှစ်ထားပြီး လူငယ်များကို အကျင့်စာရိတ္တပျက်စီးစေနိုင်သည့် ဂိမ်းဆိုင်များကို ပိတ်သိမ်းပေးရန် ပန်ကောက်ကျေးရွာနေ မိဘပြည်သူများက လိုလားလျက်ရှိကြောင်းသိရသည်။

Lashio News Diary
https://www.facebook.com/LNDLashio
ဟိုပန်မြို့ နယ်တွင်ဖွင့်လှစ်ထားသော ဂိမ်းဆိုင်များကို မိဘပြည်သူမနှစ်မြို့   ဟိုပန်မြို့ နယ်တွင်ဖွင့်လှစ်ထားသော ဂိမ်းဆိုင်များကို မိဘပြည်သူမနှစ်မြို့  Reviewed by THITHTOOLWIN on 17:55 Rating: 5
Powered by Blogger.