မုံရွာအကျဉ်းထောင်မှ စာရေးဆရာထင်လင်းဦး လွတ်ငြိမ်းချမ်းသာခွင့်ရ


မုံရွာ ဧပြီ ၁၇

''ဒီသင်္ကြန်ရက်အတွင်း ထောင်ထဲမှာ ရုပ်မြင်သံကြားကြည့်ရတဲ့အခါ လွန် ခဲ့တဲ့ဧပြီလရဲ့ ဟိုဘက်တုန်းကမြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ဘာမှမဆိုင်သလို အနေအထားတွေကို မြင်လာရပါ တယ်''ဟု နှစ်ဆန်းတစ်ရက်က မုံရွာ အကျဉ်းထောင်မှ လွတ်မြောက်လာ သော စာရေးဆရာထင်လင်းဦးက ပြောကြားသည်။

စာရေးဆရာ ထင်လင်းဦးအား ဘာသာသာသနာညှိုးနွမ်းစေမှု ပုဒ်မ (၂၉၅-က)ဖြင့်၂ဝ၁၅ခုနှစ် ဇွန် ၂ ရက်တွင် ချောင်းဦးမြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ်နှစ်နှစ် ကျခံစေ ရန် အမိန့်ချမှတ်ခဲ့ပြီး ယနေ့နှစ်ဆန်း ၁ ရက်(ဧပြီ၁၇ ရက်)တွင် လွတ်ငြိမ်း ချမ်းသာခွင့်အရ မုံရွာအကျဉ်း ထောင်မှ ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာတွင်၂ဝ၁၄ ခုနှစ် အောက်တိုဘာ၂၃ ရက်က ဆရာတော် ဦးဝိစာရ မွေးနေ့အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ''မထူးတော့ တဲ့စိတ်နဲ့ မထူးတော့တဲ့ဘဝ'' ခေါင်းစဉ် ဖြင့် စာပေဟောပြောချက်များ၌ သာသနာကိုညှိုးနွမ်းစေသည့် အသုံး အနှုန်းများ ပါဝင်သည်ဟုဆိုကာ ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့သည့်အမှုဖြစ်သည်။

ပြန်လည်လွတ်မြောက်လာသော စာရေးဆရာထင်လင်းဦးက ''ဘယ် လိုပြစ်မှုနဲ့စွဲစွဲ၊ ဘယ်လိုပုဒ်မနဲ့စွဲစွဲ ပြစ်မှုနဲ့ထောင်ကျတဲ့သူမှမဟုတ်ဘူး။ ဒီမို ကရေစီအစိုးရရဲ့လက်ထက်မှာ လွတ် လပ်စွာပြောဆိုခွင့်အာမခံပေးလိမ့် မယ်။ နိုင်ငံရေးနဲ့ပတ်သက်တဲ့အကျဉ်း သားတွေ လွှတ်ပေးလိမ့်ဦးမယ်။ ကျန် နေသေးတာရှိနေသေးရင် လွှတ်ပေး လိမ့်မယ်ဆိုတာ ယုံကြည်တယ်။ အစိုး ရသစ်အနေနဲ့ အချိန်တိုအတွင်း လုပ်သင့်လုပ်ထိုက်တာ ဆောင်ရွက် နိုင်ခဲ့လို့ ချီးကျူးပါတယ်။ အစိုးရအဖွဲ့ ဖွဲ့စည်းသွားတာတွေ၊ ရက်တစ်ရာ စီမံ ချက်ရေးဆွဲသွားတာတွေ အလွန် ကောင်းပါတယ်'' ဟုပြောသည်။

ဆရာထင်လင်းဦးသည် ထောင် ဒဏ်နှစ်နှစ် ကျခံမှုမှ ထောင်ဒဏ် သုံး လနှင့် ၁၈ ရက်ကို လျှော့ပေါ့ပြီး ယနေ့မြန်မာ နှစ်ဆန်း၁ ရက်နေ့တွင် မင်္ဂလာရှိစွာဖြင့် အစိုးရသစ်သမ္မတ ကြီးက လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ ခြင်းဖြစ်သည်။

(မျိုးဝင်းထွန်း-မုံရွာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

မုံရွာအကျဉ်းထောင်မှ စာရေးဆရာထင်လင်းဦး လွတ်ငြိမ်းချမ်းသာခွင့်ရ  မုံရွာအကျဉ်းထောင်မှ စာရေးဆရာထင်လင်းဦး လွတ်ငြိမ်းချမ်းသာခွင့်ရ Reviewed by THITHTOOLWIN on 07:17 Rating: 5
Powered by Blogger.