ယူနတီသတင်းဂျာနယ်မှ သတင်းသမားများ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာ


ရန်ကုန် ဧပြီ ၁၇

Unity သတင်းဂျာနယ်တွင် ကာကွယ်ရေးစက်ရုံသတင်းဖော် ပြမူဖြင့် ပခုက္ကူအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသော ယူနတီသတင်းဂျာနယ်တိုက်မှ CEOနှင့် သတင်းထောက်လေးဦးအား ယနေ့နံနက်က ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။


"ကျွန်တော်တို့ကို မနက်က လွှတ်လိုက်တာပါ။ အခုလောလောဆယ်တော့ ပခုက္ကူက တည်းခိုခန်းတစ်ခုမှာ နားနေပါတယ်"ဟု ပြန်လည်လွတ်မြောက်လာသည့် Unity ဂျာနယ်မှ ceo ဦးတင့်ဆန်းကပြောကြားခဲ့သည်။

'' အခုမနက် ထောင်ဖွင့်ဖွင့်ခြင်းပဲ ပြန်ပြီး လွတ်မြောက်လာတာပါ'' ဟု သတင်းသမားများ၏ အကျိုးတော်ဆောင်ရှေ့နေ ဦးကျော်လင်းက ပြောသည်။


ယခုပြန်လည်လွတ်မြောက်လာသူများထဲတွင် ယူနတီသတင်းဂျာနယ်တိုက်မှ CEO ဦးတင့်ဆန်း၊ ကိုပိုင်သက်ကျော်၊ ကိုသဲရာဇာဦး၊ ကိုစည်သူစိုးနှင့် နယ်သတင်းထောက် ကိုလူမော်နိုင်တို့ဖြစ်ပြီး ၄င်းတို့ကို ကာကွယ်ရေးစက်ရုံသတင်းဖော်ပြမှုဖြင့် ၂၀၁၄ ခုနှစ် ဇူလိုင် ၁၀ရက်က ပခုက္ကူခရိုင်တရားရုံးက ထောင်ဒဏ်၁၀နှစ်ကျခံရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

စည်သူ
china.com Myanmar
https://www.facebook.com/china.com.mm
ယူနတီသတင်းဂျာနယ်မှ သတင်းသမားများ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာ   ယူနတီသတင်းဂျာနယ်မှ သတင်းသမားများ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာ Reviewed by THITHTOOLWIN on 18:29 Rating: 5
Powered by Blogger.