လေးမျက်နှာမြို့နယ် လဲခုံကြီးရွာ၌ မီးကြွင်းမီးကျန်မှ မီးလောင်


ဟင်္သာတ ဧပြီ ၁၄

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ကွင်းကြီးကျေးရွာ အုပ်စု လဲခုံကြီးကျေးရွာ၌ ဧပြီ ၁၃ ရက် မွန်းလွဲ ၂ နာရီက နေအိမ်မီးဖိုချောင် မီးကြွင်းမီးကျန်မှ မီးကူးစက် လောင် ကျွမ်းမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ လဲခုံကြီးကျေးရွာနေ ဦးချစ်လှိုင်၏ နေအိမ်မီးဖိုချောင် မီးကြွင်း မီးကျန်မှ စတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကို လေးမျက်နှာ မြို့နယ် မီးသတ်ဦးစီးမှူး ဦးမြတ်သူ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေး ရွာနေပြည်သူ များ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် မွန်းလွဲ ၂ နာရီ မိနစ် ၅ဝ တွင် မီးညွန့်ကျိုး ကာ ညနေ ၃ နာရီ ၁၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် နေအိမ် ၁၂ လုံး မီးလောင်ဆုံးရှုံးခဲ့ကာ လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း၊ မီးလောင်မှုနှင့် ပတ်သက်၍ လေးမျက်နှာ မြို့မရဲစခန်းက အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
လေးမျက်နှာမြို့နယ် လဲခုံကြီးရွာ၌ မီးကြွင်းမီးကျန်မှ မီးလောင်  လေးမျက်နှာမြို့နယ် လဲခုံကြီးရွာ၌ မီးကြွင်းမီးကျန်မှ မီးလောင် Reviewed by THITHTOOLWIN on 10:18 Rating: 5
Powered by Blogger.