စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ကတိသစ္စာပြု


 ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန် အစည်းအဝေး အဋ္ဌမနေ့ ဆက်လက်ကျင်းပ

မုံရွာ၊ ဧပြီ (၁)

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး အဋ္ဌမနေ့ အခမ်းအနားကို ဧပြီ(၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်က စစ်ကိုင်း တိုင်းဒေသကြီး လွှတ်တော် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးသန်း မှ ဒုတိယအကြိမ် စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး အဌမနေ့တွင် တက်ရောက်ခွင့်ရှိသူ (၁၀၁)ဦးရှိသည့် အနက် (၉၄)ဦး တက်ရောက်သဖြင့် ရာခိုင်နှုန်း အားဖြင့် (၉၃.၀၆%)ဖြစ်သဖြင့် အစည်းအဝေး အထ မြောက်ကြောင်းနှင့် စတင်ကြောင်း ကြေညာသည်။

ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက အစည်းအဝေး သို့ မတက် ရောက်နိုင်သော လွှတ်တော်ကိုယ်စားလှယ်များအတွက် လွှတ်တော်သို့ ခွင့်ပန်ကြားကြရာ လွှတ်တော် ကိုယ်စားလှယ်အားလုံးက သဘောတူကြသည့်အတွက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌက အတည်ပြု ကြောင်း ကြေညာသည်။

ဆက်လက်ပြီး ၂၀၁၃ခုနှစ်၊ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ် လွှတ်တော် ဆိုင်ရာ နည်းဥပဒေပုဒ်မ ၆၀ အရ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်က လွှတ်တော် ဥက္ကဌ၏ ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်း ဆောင်ရွက်သည်။


ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် အဖြစ် ဒေါက်တာမြင့်နိုင်အား ခန့်အပ်တာဝန်ပေးရန် စစ်ကိုင်းတိုင်းဒေ သကြီးလွှတ်တော်က သဘောတူကြောင်း သိရှိရသည့်အတွက် စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် တာဝန်ထမ်းဆောင် ခဲ့သည့် သရေ စည်သူ ဦးသာအေးမှ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌထံသို့ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာပေးပို့လာမှုအား လွှတ်တော် ဥက္ကဌ ဦးသန်း မှ ဖတ်ကြားကာ အဆိုပါ သ၀ဏ်လွှာနှင့် စပ်လျဉ်း၍ လွှတ်တော်တွင် မှတ်တမ်း တင်ခြင်း ဆောင်ရွက်သည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက် တာမြင့်နိုင် မှ လွှတ်တော် တွင် မိန့်ခွန်းပြောကြားသည်။

ယင်းနောက် လွှတ်တော်ဥက္ကဌ ဦးသန်းမှ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက် တာမြင့်နိုင် ပြောကြားသည့် မိန့်ခွန်းအား လွှတ်တော်တွင် မှတ်တမ်းတင်ခြင်း ဆောင်ရွက်သည်။

ယင်းနောက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးသန်း မှ ဒုတိယအကြိမ် စစ်ကိုင်းတို င်း ဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ အခမ်းအနားကို နံနက် (၁၀း၂၀)နာရီတွင် ရပ်နားခဲ့ပြီး အစည်းအဝေး န၀မနေ့အား (၄.၄.၂၀၁၆)ရက်တွင် ဆက်လက်ကျင်းပ မည်ဖြစ်ကြောင်း ကြေညာခဲ့ကြောင်း သိရှိရသည်။

(တိုင်းဒေသကြီးပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ကတိသစ္စာပြု  စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ကတိသစ္စာပြု Reviewed by THITHTOOLWIN on 18:04 Rating: 5
Powered by Blogger.