မြ၀တီမြို့ အမှတ် (၄) ရပ်ကွက် အောင်မြေရွှေဘုံ၌ မီးဖိုမီးကြွင်းမီးကျန်မှ မီးလောင်မှုဖြစ်ပွား


မြ၀တီ ဧပြီ ၂၂

ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ မြ၀တီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အောင်မြေရွှေဘုံ၊ ကရင်စုရပ်တွင် ယနေ့ ဧပြီလ ၂၂ရက်၊ နေ့လည် (၁၁) နာရီ၊ (၄၅) မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။


အဆိုပါ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဇော်၊ မြို့မစခန်းမှူး ဒုရဲမှူး ကိုကိုနိုင်နှင့် တာဝန်ရှိသူများ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးမြင့်ဆွေ ဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရံ မီးသတ်တပ်ခွဲမှူး ဦးအောင်စိုးနှင့် အရံမီးသတ် တပ်ဖွဲ့ဝင်များ၊ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ငြိမ်းနှင့် ပြည်သူလူထုများမှ မီးသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၂)စီးတို့ဖြင့် ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီတွင် မီးညွန့်ကျိုးကာ ၁၂ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။


မီးလောင်မှု ဖြစ်စဉ်မှာ မြ၀တီမြို့၊ အမှတ်(၄)ရပ်ကွက်၊အောင်မြေရွှေဘုံ၊ ကရင်စုရပ်ရှိ ကိုပု၏ တန်းလျား ၄ ခန်းတွဲရှိ ဒုတိယအခန်းတွင် ငှားရမ်းနေထိုင်သည့် ဦးသက်နိုင်၏ အခန်းရှိ မီးကြွင်းမီးကျန်များမှ မီးစတင်လောင် ကျွမ်းခဲ့ပြီး အဆိုပါ တန်းလျား ၄ ခန်းတွဲ ၁ လုံး နှင့် တန်းလျားအနောက်ဘက်ရှိအကာအရံမရှိ ဂိုဒေါင်ဟောင်း ၁ လုံးပါ မီးကူးစက် လောင်ကျွမ်းခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။


မီးပေါ့ဆစွာအသုံးပြု၍ မီးလောင်ကျွမ်းစေခဲ့သူ ဦးသက်နိုင်အား မြ၀တီမြို့မ ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။

ထိန်လင်းအောင်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မြ၀တီမြို့ အမှတ် (၄) ရပ်ကွက် အောင်မြေရွှေဘုံ၌ မီးဖိုမီးကြွင်းမီးကျန်မှ မီးလောင်မှုဖြစ်ပွား  မြ၀တီမြို့ အမှတ် (၄) ရပ်ကွက် အောင်မြေရွှေဘုံ၌ မီးဖိုမီးကြွင်းမီးကျန်မှ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:34 Rating: 5
Powered by Blogger.