မကွေးနဲ့ ချောက်မြို့နယ် တွေ ထဲ က ကျေးရွာတွေ မှာ တွင်းရေ တွေ ခမ်းကုန်လို့ ရေပြဿနာ အတော် ကြုံနေရ။ |
မြန်မာ နိုင်ငံထဲ နေ့ခင်း အပူချိန် အမြင့်ဆုံး ရောက်နေတဲ့ မကွေးတိုင်း ထဲက မကွေးနဲ့ ချောက် မြို့နယ် တွေ အပါအဝင်၊ မြေလတ် ဒေသ ဟာ မြန်မာ နိုင်ငံ ထဲ အပူဒဏ် အခံရဆုံး နေရာထဲ ပါဝင် နေပါတယ်။
မကွေးနဲ့ ချောက်မြို့နယ် တွေ ထဲ က ကျေးရွာတွေ မှာ တွင်းရေ တွေ ခမ်းကုန်လို့ ရေပြဿနာ အတော် ကြုံနေရတယ် ဆိုပြီး မကွေးတိုင်းလွှတ်တော်ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကော်မီတီ ဥက္ကဌ ဦးနေမျိုးကျော် က ဘီဘီစီ ကို ပြောပါတယ်။
မြိုင် နဲ့ ပခုက္ကူ ဘက်တွေ မှာလည်း အလားတူ ပြဿနာ မျိုးတွေ ကြုံနေ၇တယ် လို့ ဆိုပါတယ်။
ရေတွင်း အသစ် တူးပေးတာ မျိုး မလုပ်နိုင်ရင်တောင် မှ ကားတွေ လှည်းတွေ အသုံးပြုပြီး ရေပေးဝေရေး တွေ ပြုလုပ် သွားဖို့ ဒေသခံ အာဏာပိုင် တွေ နဲ့ ကြား ညှိနှိုင်း တိုက်တွန်း နေတယ် ဆိုပြီး ဦးနေမျိုးကျော်က ဆိုပါတယ်။
BBC Burmese
http://www.bbc.com/burmese/
မကွေးတိုင်းထဲက မြို့နယ်တွေထဲ အပူလွန်ကဲပြီး ရေပြတ်လပ်
Reviewed by THITHTOOLWIN
on
10:18
Rating: