လယ်ဝေးမြို့အမှတ်(၁)ရပ်ကွက်၌နေအိမ်(၆)လုံးမီးလောင်



လယ်ဝေး ဧပြီ - ၂

လယ်ဝေးမြို့အမှတ်(၁)ရပ်ကွက်၌ယနေ့ညနေ(၃)နာရီ (၃၀)မိနစ်တွင် မီးလောင်မှုဖြစ်ပွားရာ နေအိမ် (၆)လုံးမီးလောင်ဆုံးရှုံးခဲ့သည်။

ဖြစ်စဉ်မှာ အမှတ်(၁)ရပ်ကွက် ဒေါ်မမ၏နေအိမ်ရှိ မီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လူများထိခိုက်မှုမရှိကြောင်းသိရသည်။



မီးလောင်မှုဖြစ်ပွားရာသို့လယ်ဝေးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၄)စီး မီးသတ်ဦးစီး မြင့်ဆန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်(၁၇) ဦး ၊ ပြည်သူ(၂၀၀)ဦးခန့်က၀ိုင်းဝန်းမီးငြိမ်း သတ်ခဲ့ပြီး ညနေ (၄) နာရီ (၅) မိနစ် တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသတင်းရရှိသည်။

မြို့နယ် (ပြန် / ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
လယ်ဝေးမြို့အမှတ်(၁)ရပ်ကွက်၌နေအိမ်(၆)လုံးမီးလောင်  လယ်ဝေးမြို့အမှတ်(၁)ရပ်ကွက်၌နေအိမ်(၆)လုံးမီးလောင် Reviewed by THITHTOOLWIN on 19:38 Rating: 5
Powered by Blogger.