မြစ်သားမြို့ မိုးကြီးလေကြီးမိုးသီးများ ကျရောက်၍ ဒေသခံများ ပျက်စီး ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရ


မြစ်သား ဧပြီ ၂၄

လေတိုက်နှုန်း တစ်နာရီ ၅၅ မိုင်နှုန်း၊ မိုးရေချိန် ၀.၉၀လက်မဖြင့် မန္တလေး တိုင်းဒေသကြီး မြစ်သားမြို့ နယ်အတွင်း ဧပြီ ၂၂ ရက် ညနေ ၅း၁၅ မှ ၅း၄၅ အထိ မိုးကြီးလေကြီးမိုးသီးများ ကျရောက်ပြီး ဒေသခံများ ပျက် စီးဆုံးရှုံးမှု များနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

မိုးကြီး လေကြီး မိုးသီးများ ကျရောက်၍ မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်စု ၈၈ အုပ်စုအနက် ၃၇ အုပ်စု၊ ၉၄ ရွာအတွင်းတွင် သစ်ပင်ကြီးများ အမြစ်မှ ကျွတ်ထွက်ခြင်း၊ ကြက်ပေါင် ပဲ့ကျခြင်း၊ ၊ ကြော်ငြာဆိုင်းဘုတ်ကြီး များကျိုးကျလွင့်စင်ခြင်း၊ မီးကြိုး ဖုန်းကြိုးများ ပျက်ကျခြင်း၊ မီးတိုင်များ၊ ဖုန်းတိုင် များ လဲခြင်းအပြင် ဒေသခံ ပြည်သူများ၏ အဆောက်အဦများ အမိုးများ လန်ခြင်း၊ ပြိုကျပျက်စီးခြင်း၊ သစ်ပင်လဲပြီး အိမ်ပေါ်ပိ၍ လူတစ်ဦး ဒဏ်ရာ ရပြီး နွားတစ်ကောင် သေဆုံးခြင်း၊ သရက်ခြံ၊ သင်္ဘောခြံ၊ ငှက်ပျောခြံ များမှ အသီးများပျက်စီးဆုံးရှုံးခြင်း၊ ပဲတီစိမ်း၊ ငရုတ်၊ နှမ်းခင်း၊ ဝါခင်းများ ဧကပေါင်း ၂၇၀၀ခန့် ထိခိုက် နစ်နာမှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။


ထို့ပြင် စိုက်ပျိုးရေး သုတေသနဦးစီးဌာန၏ U-ပုံစံ ၁၅၀ပေ၊ ၁၃၀ပေ၊ ၁၉ပေရှိ အဆောက်အဦးမှာလည်း အမိုးများ လန်ကာ လွင့်စင်သွားပြီး သုတေသန စိုက်ခင်းများလည်း ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။ ဌာန ဆိုင်ရာ အဆောက်အဦ ၄ လုံး အမိုးအကာလန်၊ ၁လုံး ပြိုကျ၊ စာသင်ကျောင်းပေါင်း ၃၉ ကျောင်း အမိုးလန်၊ လူ နေအိမ်ပေါင်း ၁၈၈၈ လုံး အမိုးကာလန်၊ ၂၅၀ ပြိုကျ၊ ဘုန်းကြီးကျောင်း ၄၁ကျောင်း အမိုးအကာလန်၊ ၆ ကျောင်း ပြိုကျ၊ ဘုရားစေတီတော် ၁၅ ဆူ ပျက်စီး၊ တိရိစ္ဆာန် ၆ကောင် သေဆုံး ခဲ့ကြောင်း သတင်းရရှိသည်။

ရဲဝင်းထွန်း(မြစ်သား)
https://www.facebook.com/MOIWebportalMyanmar
မြစ်သားမြို့ မိုးကြီးလေကြီးမိုးသီးများ ကျရောက်၍ ဒေသခံများ ပျက်စီး ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရ  မြစ်သားမြို့ မိုးကြီးလေကြီးမိုးသီးများ ကျရောက်၍ ဒေသခံများ ပျက်စီး ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရ Reviewed by THITHTOOLWIN on 04:30 Rating: 5
Powered by Blogger.