ဝါရှင်တန်၊ ဧပြီ-၁၁
အမေရိကန်သမ္မတ ဘားရက်အိုဘားမားက သူ့သမ္မတသက်တမ်း၏ အဆိုးရွားဆုံးအမှားမှာ ၂၀၁၁ခုနှစ် လစ်ဗျားအာဏာရှင် မိုအမ္မာ ကဒါဖီကို ဖြုတ်ချပြီးနောက် နောက်ဆက်တွဲ စီမံကိန်းမရှိခြင်းပင်ဖြစ်သည်ဟု ပြောကြားခဲ့သည့်။
“လစ်ဗျားကို ၀င်ရောက်စွက်ဖက်တာဟာ လုပ်သင့်တဲ့အလုပ်လို့ တွေးခဲ့ပေမယ့်လည်း နောင်မှာ ဘာလုပ်ရမယ်ဆိုတာ စီစဉ်ဖို့ ပျက်ကွက်ခဲ့တာ ဖြစ်နိုင်ပါတယ်”ဟု အိုဘားမားက ဧပြီ ၁၀ရက်နေ့က Fox Newsနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
အိုဘားမားအနေဖြင့် လစ်ဗျားနှင့် ကဒါဖီကို သေဆုံးစေခဲ့သည့် နေတိုးခေါင်းဆောင်သည့် စွက်ဖက်မှုအကြောင်း ပြောကြားသည်မှာ ဤအကြိမ်သည် ပထမဆုံးမဟုတ်ပါ။
လွန်ခဲ့သည့်လက The Atlanticတွင် ပုံနှိပ်ဖော်ပြခဲ့သည့် ပရိုဖိုင်းထဲတွင် စစ်ဆင်ရေးအပြီးတွင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းမှာ အခြားအရာများဖြင့် ဗျာများနေခဲ့သည်ဟု သမ္မတ အိုဘားမားက စာရေးဆရာ ဂျက်ဖရီ ဘိုးဘတ်ကို ပြောကြားခဲ့သည်။
အိုဘားမားက စွက်ဖက်မှုကို လုပ်သင့်သည့် အလုပ်တစ်ခုဟု ယူဆခဲ့သော်လည်း မျက်မှောက်ခေတ် လစ်ဗျားကိုမူ ပရမ်းပတာဟု မြင်နေသည်။
အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်ကမူ ယူကေနှင့် အမေရိကန်ပြည်ထောင်စုကြား မဟာမိတ်ဖွဲ့မှုမှာ ခိုင်မာနေဆဲပင်ဖြစ်သည်ဟု စီအင်အင်သို့ ပြောကြားခဲ့သည်။
AM
စီအင်အင်
china.com Myanmar
https://www.facebook.com/china.com.mm/
အိုဘားမား သူ့သမ္မတသက်တမ်း၏ အဆိုးရွားဆုံးအမှားကို ၀န်ခံ
Reviewed by THITHTOOLWIN
on
18:56
Rating: