ခုံးကျော်တံတား ၂ခု စီမံကိန်းပယ်ဖျက်

ဧပြီလ ၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်။ Photo: RFA
ကျပ်ငွေ ၃၂ ဘီလျံကျော်ကုန်ကျမယ့် ရန်ကုန်တိုင်းထဲက ကမ္ဘာအေးနဲ့ ပါရမီလမ်းဆုံနဲ့ မြောက်ဥက္ကလာပ လမ်းဆုံတွေမှာ တည်ဆောက်မယ့် ခုံးကျော် တံတားနှစ်စင်း စီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီး အဲဒီအစား ရန်ကုန်စည်ပင်နယ်နိမိတ်ပြင်ပက မြို့နယ် တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာအသုံးပြုဖို့ ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။

အဲဒီခုံးကျော်တံတားနှစ်စင်းဆောက်လုပ်ဖို့ကို ပြီးခဲ့တဲ့ အစိုးရလက်ထက် တိုင်းဒေသကြီး အစိုးရ ဘဏ္ဍာရေးဝန်ကြီးက တင်သွင်းခဲ့တာကို ဒီနေ့ လွှတ်တော်မှာ ပြင်ဆင်လိုက် တာလို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလွင်စိုးမင်းက ပြောပါတယ်။

"တစ်ခုကို ၁၆ ဘီလီယံဆိုတော့ ၂ ခုကို ၁၆ ဘီလီယံကျော်လောက်ရှိတယ်၊ ရန်ကုန် တိုင်းရဲ့၁၆၊ ၁၇ ဘတ်ဂျက်မှာ ၇၅ ရာခိုင်နှုန်းလောက်ရှိတယ်၊ အဲ့ဒီ တံတား ၂ စင်းက၊ ကျန်တာ ကျနော်တို့လမ်းတံတားလိုအပ်ချက်လုပ်တာက ၂၅ ရာခိုင်နှုန်းပဲရှိတယ်တဲ့၊ ငွေကြေးပမာဏက"

ခုံးကျော်တံတားနှစ်စင်းဆောက်လုပ်မယ့် ကုန်ကျငွေ ကျပ် ၃၂ ဘီလျံကျော် ဆိုတဲ့ပမာဏဟာ ရန်ကုန်တိုင်းဒေသကြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တစ်နှစ်စာ အသုံး စားရိတ်ရဲ့ ၇၅ ရာခိုင်နှုန်းရှိတယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့စည်ပင်သာယာနယ်နိမိတ်ပြင်ပမှာ မြို့နယ်ပေါင်း ၁၂ မြို့နယ်ရှိပြီး အဲဒီမြို့နယ်တွေက ကျေးရွာခြင်းဆက်လမ်းတွေကို ဦးစားပေးလုပ်ဆောင်မှာဖြစ် တယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့တွင်း ယာဉ်ကျောပိတ်ဆို့မှုပြဿနာတွေကို ခုံးကျော်တံတားတွေ ဆောက်လုပ်ပြီး ဖြေရှင်းတာက လိုချင်တဲ့အဖြေမဟုတ်တဲ့အတွက် အခုလိုတစ်ခြား ဖွံ့ဖြိုးရေးပိုင်းတွေ လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
ခုံးကျော်တံတား ၂ခု စီမံကိန်းပယ်ဖျက်  ခုံးကျော်တံတား ၂ခု စီမံကိန်းပယ်ဖျက် Reviewed by THITHTOOLWIN on 18:25 Rating: 5
Powered by Blogger.