မုံရွာမြို့ပေါ်ရှိ ကျူးကျော်ဆိုင်များကို သင်္ကြန်အပြီး အရေးယူမည်


မုံရွာ ဧပြီ ၇

မုံရွာမြို့၏ အဓိကလမ်းမကြီးများ ဖြစ်သော ဗိုလ်ချုပ်လမ်း၊ ကျောက်ကာလမ်း၊ သာစည်လမ်း၊ ပြည်ထောင်စုလမ်းများ ပေါ်ရှိ ကျူးကျော်ဆိုင်များနှင့် ပိတ်ဆို့မှုများကို ဧပြီ ၁ ရက်ကစပြီး တာဝန်များစတင်ထမ်းဆောင်နေသော မြို့နယ်စည်ပင်သာယာရေး ကော်မတီအနေဖြင့် ပညာပေး ခြင်း၊ အသိပေးခြင်းများကိုဆောင်ရွက်၍ လာမည့် သင်္ကြန် ပြီး ရက်များတွင် အရေးယူမှုများကို ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဇော်ထွန်းထံမှ သိရသည်။

''မုံရွာမြို့ရဲ့ အဓိကလမ်းမကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ် လမ်း၊ သာစည် လမ်း၊ ကျောက်ကာလမ်း၊ ပြည်ထောင်စု လမ်းတစ်လျှောက်ရှိ ကျူးကျော် ဆိုင်တွေရှေ့နဲ့ လမ်းမတွေ ပေါ်ရပ်တဲ့ယာဉ်တွေကို ပိတ်ဆို့မှုမရှိအောင် သက်ဆိုင် တဲ့ဆိုင်တွေက ကြပ်မတ်ဆောင်ရွက်ပေးဖို့ အသိပေး ရင်း ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာကို ဧပြီ ၅ ရက်က စတင်ပြီး ဆောင် ရွက်နေပါပြီ။ ဗိုလ်ချုပ်လမ်း တစ်လျှောက်က ဆိုင်အတော် များများဟာ လမ်းမေးတင်ဆောက် ထားတော့ ဆိုင်ခန်းတွေဘယ် လောက် များပြားအောင်ဆောက်ပြီး ဘယ်လောက်ကျယ်ကျယ် ဆိုင်လာ တဲ့ ဆိုင်ကယ်၊ ကားတွေအကုန်လုံး လမ်းပေါ်မှာဘဲ ရပ်ကြရတော့ သွား လာရေးမှာ ခက်ကုန်ပါတယ်။ အခု အဲဒါတွေကို ပညာပေးရင်း ဘယ်လိုဆောင်ရွက်ရမယ်၊ သူတို့ ဘက်က ဘယ်လိုဖြစ်ချင်တယ်ဆို တာကိုပေါင်းစပ်ညှိနှိုင်းတာတွေ လုပ် ဆောင်နေပါတယ်။ ဒီကြားထဲမှာ သတ်မှတ်ထားတဲ့ ပြောထားတဲ့ အတိုင်း မလိုက်နာဘူးဆိုရင် စည်ပင် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက် သွားမှာပါ။ လမ်းဘေးဖွင့်တဲ့ ကျူး ကျော် ဆိုင်တွေဆိုရင် သတ်မှတ် ရက်ရောက်လို့ ဆက်ဖွင့်နေသေး တာတွေ့ရင် ဆိုင်ကိုပါ မတင်ဖမ်းဆီး အရေးယူတာတွေ ဆောင်ရွက်မှာ ဖြစ်တဲ့အကြောင်း အသိပေးထားပါ တယ်''ဟု ဦးဇော်ထွန်းက ပြောပြ သည်။

မုံရွာမြို့နယ် စည်ပင်သာယာ ရေးကော်မတီသစ်သည် ဧပြီ ၁ ရက်မှစတင်ကာ ဥက္ကဋ္ဌဦးကျော် မျိုးဝင်းနှင့်အဖွဲ့ဝင်များက မြို့သန့် ရှင်းသာယာ လှပရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပြီဖြစ်ရာ ကြို တင် လေ့လာထားမှုများအရ လို အပ်ချက်များကို စတင်တာဝန်ထမ်း ဆောင်သည့်နေ့မှ စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။

''မြေပြင်လေ့လာမှုတွေ အရ အမှိုက်ကိစ္စမှာ ယန္တရားနဲ့လူအင်အား မလုံလောက်တာကို တွေ့ရတယ်။''နောက်ပြီး မြို့ရဲ့လမ်းတွေပေါ်မှာ ကျူးကျော်နေတာတွေနဲ့ လမ်း ပိတ်ဆို့နေတာတွေကို အမြန်ဆုံး အကောင် အထည်ဖော်ဆောင်ရွက် နေပါပြီ။ အဲဒီလိုဆောင်ရွက်ရာမှာ နိစ္စဓူဝကြုံတွေ့နေ ရတဲ့ အခက်အခဲ တွေကို ဦးစားပေးဆောင်ရွက်သွား ဖို့ ကော်မတီက ညှိနှိုင်းဆုံးဖြတ် ဆောင်ရွက်နေပါပြီ''ဟု မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မျိုးဝင်းက ပြောသည်။

မုံရွာမြို့၏ အဓိကလမ်းမကြီး များဘေး လမ်းနယ်ဖြင့်မလွတ်ကင်း စွာထွက်နေသော ကွမ်းယာဆိုင် များအပါအဝင် ဈေးဆိုင်များသည် ယခင်က ဖွဲ့စည်းထားသော စည် ပင်သာယာဝန်ထမ်းတို့၏ ခွင့်ပြုထား မှုဖြင့် တစ်ပတ်လျှင် သုံးရက် လေး ရက်ခန့်လာကောက်သော တစ် ရက်ငွေကျပ် ၃ဝဝ ဖြင့်ပေး၍ ဖွင့် နေသောကြောင့် စည်းကမ်းဖောက် နေသည်ကို သိနေသော်လည်း အများ မိုးခါးရေသောက်သည့် အတိုင်း လိုက်၍ဆောင်ရွက်နေရ ကြောင်း၊ ကော်မတီအနေဖြင့် အဆိုပါ ကိစ္စများကိုလည်း ဆောင် ရွက်သင့်ကြောင်း မုံရွာမြို့လယ် ဗိုလ်ချုပ်လမ်းဘေးတွင် ဖွင့်နေ သော ကွမ်းယာရောင်းသူ တစ်ဦးက ပြောပြသည်။

မုံရွာမြို့နယ် စည်ပင်သာယာ ရေးကော်မတီအနေဖြင့် အမှိုက် ကိစ္စ၊ ကျူးကျော်ဆိုင်နှင့် လမ်းပိတ် ဆို့မှုများ ဆောင်ရွက်ခြင်းနှင့်အတူ မြို့ရေစီးရေလာ ကောင်းမွန်ရေး နှင့် ရေမြောင်းများကို စီမံချက်ရေး ဆွဲကာ ငွေလုံးငွေရင်းဖြင့် စီမံဆောင် ရွက်နိုင်ရန် ပညာရှင်များဖြင့် ညှိ နှိုင်းအဖြေရှာရန်နှင့် အများပြည်သူ အား ပါဝင်လာရန်တို့ကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းထွန်း(မုံရွာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မုံရွာမြို့ပေါ်ရှိ ကျူးကျော်ဆိုင်များကို သင်္ကြန်အပြီး အရေးယူမည်  မုံရွာမြို့ပေါ်ရှိ ကျူးကျော်ဆိုင်များကို သင်္ကြန်အပြီး အရေးယူမည် Reviewed by THITHTOOLWIN on 08:25 Rating: 5
Powered by Blogger.