အီးယူက မြန်မာကို တစ်နှစ်ကြာ လက်နက်ဒဏ်ခတ် ဆက်ပိတ်ဆို့

ဥရောပ သမဂ္ဂ အမှတ်တံဆိပ် (Credit: ABC) 
ဥရောပ ​သမဂ္ဂ ​အီးယူက ​မြန်မာနိုင်ငံကို ​လက်နက် ​တင်ပို့ ​ရောင်းချခွင့် ​တစ်နှစ်ကြာ ​ဆက်လက် ​ပိတ်ပင်ဖို့ ​ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာအပေါ် ​လက်နက် ​ရောင်းဝယ်ရေး ​ဒဏ်ခတ်ပိတ်ဆို့မှုကို ​၂၀၁၇ ​ခုနှစ် ​ဧပြီလ ​၃၀ ​ရက်နေ့အထိ ​ဆက်လက် ​ချမှတ်မှာ ​ဖြစ်ပေမယ့် ​အန္တာရာယ်နည်းတဲ့ ​စစ်သုံးပစ္စည်းကိုတော့ ​ရောင်းဝယ်ခွင့် ​ပြုလိုက်ပါတယ်။

ဖိနှိပ်ရေးတွေမှာ ​အသုံးပြုနိုင်မယ့် ​စစ်သုံးပစ္စည်းတွေကိုတော့ ​မရောင်းချရဘူးလို့ ​ဧပြီလ ​၂၁ ​ရက်နေ့မှာ ​အီးယူက ​ကြေညာထားပါတယ်။

မြန်မာအပေါ် ​လက်နက်တင်ပို့ ​ရောင်းချခွင့် ​ဆက်လပ်ပိတ်ပင်တဲ့ ​အီးယူရဲ့ ​ပေါ်လစီကို ​လူ့အခွင့်အရေး ​စောင့်ကြည့်ရေး ​အဖွဲ့က ​ကြိုဆိုလိုက်ပြီး ​တခြားနိုင်ငံတွေကလည်း ​အီးယူကို ​အတုယူပြီး ​လုပ်သင့်တယ်လို့ ​ပြောဆိုလိုက်ပါတယ်။

အရပ်သား ​လက်အောက်မှာ ​မရှိသေးတဲ့ ​စစ်တပ်ကို ​လက်နက်တွေ ​ရောင်းချတာမျိုး ​မလုပ်သင့်သလို ​မြန်မာရဲ့ ​စစ်တပ်ဟာ ​ပြည်သူတွေကို ​အနိုင်ကျင့်တာတွေလုပ်နေဆဲ ​အပြင် ​ပြည်တွင်းမှာလည်း ​ပဋိပက္ခတွေ ​ရှိနေတုန်းပဲလို့ ​ပြောလိုက်ပါတယ်။

မြန်မာစစ်တပ်က ​ရုရှားနိုင်ငံထုတ် ​တိုက်လေယာဉ်တွေ ​ရဟတ်ယာဉ်တွေကို ​အသုံးပြုပြီး ​သူပုန်တွေကို ​တိုက်ခိုက်တာတွေ၊ ​အဲဒါတွေကြောင့် ​တခါတရံ ​ပြည်သူတွေပါ ​ထိခိုက်ဒဏ်ရာရဖူးတဲ့အတွက် ​ပြည်ပက ​လက်နက်တွေကို ​မြန်မာ ​စစ်တပ်ဆီ ​တင်ပို့ရောင်းချတာမျိုး ​မလုပ်သင့်ဘူးလို့ ​လူ့အခွင့်အရေး ​စောင့်ကြည့်ရေး ​အဖွဲ့က ​ပြောလိုက်ပါတယ်။

ရုရှားနိုင်ငံကတော့ ​ရုရှားနိုင်ငံက ​တိုက်လေယာဉ် ​သုံးစင်းကို ​ဒီနှစ်ကုန်ပိုင်းကျရင် ​မြန်မာ ​စစ်တပ်ဆီ ​ပို့ဆောင်မယ်လို့ ​တခြား ​သတင်းတစ်ခုမှာ ​တွေ့နေရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
အီးယူက မြန်မာကို တစ်နှစ်ကြာ လက်နက်ဒဏ်ခတ် ဆက်ပိတ်ဆို့  အီးယူက မြန်မာကို တစ်နှစ်ကြာ လက်နက်ဒဏ်ခတ် ဆက်ပိတ်ဆို့ Reviewed by THITHTOOLWIN on 17:46 Rating: 5
Powered by Blogger.