မန္တလေးအိုးဘိုထောင်မှ ပထမအသုတ် အဖြစ် အကျဉ်းသားများလွှတ်ပေးခဲ့ရာ သင်္ကြန်တွင်းလွတ်ရက်စေ့သူများ ပါဝင်နေ


မန္တလေး ဧပြီ ၈

နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်ကို ဧပြီ ၇ ရက်က ထုတ်ပြန်ခဲ့ပြီးနောက် ယနေ့ဧပြီ ၈ ရက်တွင် မန္တလေးအိုးဘိုအကျဉ်းထောင်မှ အကျဉ်းသားစေလွှတ်ခဲ့ရာတွင် သာမန်လွတ်ရက်စေ့သူများသာ ပြန်လွတ်ပေးသေးကြောင်းသိရသည်။


နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမည်သတင်းကြောင့် ယနေ့နံနက် ၆ နာရီအချိန်ကတည်းက အိုးဘိုအကျဉ်းထောင်ရှေ့တွင် သတင်းထောက်များ ၊ အကျဉ်းသား၏မိသားစုဝင်များနှင့် ဗကသကျောင်းသားများ နိုင်ငံရေးအင်အားစုများ စောင့်မျှော်ခဲ့ကြသော်လည်း နံနက် ၉နာရီ ခွဲခန့်အထိ အမျိုးသမီး ၃၀ ဦးကိုသာ ပထမအသုတ်အနေဖြင့် လွှတ်ပေးလိုက်သည်ကို တွေ့ရသည်။


 ယခုလွှတ်ပေးသည့် အမျိုးသမီး ၃၀ မှာ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်မဟုတ်ဘဲ သင်္ကြန်တွင်းလွတ်ရက်စေ့သူများကိုသာ ကြိုလွှတ်ပေးခြင်း ဖြစ်ကြောင်း ထောင်တာဝန်ရှိပုဂ္ဂိုလ်များထံမှစုံစမ်းသိရသည်။

သို့သော် နောက်ထပ်လွှတ်ပေးမည် မျှော်လင့်ချက်ဖြင့် သတင်းထောက်များ ၊ အကျဉ်းသား၏မိသားစုဝင်များနှင့် ဗကသကျောင်းသားများ နိုင်ငံရေးအင်အားစုများမှာ မန္တလေးအိုးဘိုအကျဉ်းထောင်ရှေ့တွင် ဆက်လက်စောင့်ဆိုင်းနေကြောင်းသိရသည်။

ကျော်ထွေး(china.com)
china.com Myanmar
https://www.facebook.com/china.com.mm/
မန္တလေးအိုးဘိုထောင်မှ ပထမအသုတ် အဖြစ် အကျဉ်းသားများလွှတ်ပေးခဲ့ရာ သင်္ကြန်တွင်းလွတ်ရက်စေ့သူများ ပါဝင်နေ  မန္တလေးအိုးဘိုထောင်မှ ပထမအသုတ် အဖြစ် အကျဉ်းသားများလွှတ်ပေးခဲ့ရာ သင်္ကြန်တွင်းလွတ်ရက်စေ့သူများ ပါဝင်နေ Reviewed by THITHTOOLWIN on 10:15 Rating: 5
Powered by Blogger.