သူရဦးရွှေမန်း အပါအဝင် ၁၇ ဦးကို ထုတ်ပယ်


ပြည်ထောင်စုလွှတ်တော်နာယက (ဟောင်း) သူရဦးရွှေမန်း အပါအဝင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် ၁၇ ဦးကို ထုတ်ပယ်လိုက်ကြောင်း ဗဟိုကော်မတီဝင် ဦးတင့်ဇော်က ပြောပါတယ်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်မှာ သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်က အဖွဲ့ဝင်အတော်များများလည်း ထုတ်ပယ်ခံရတဲ့အထဲမှာ ပါကြောင်းလည်း ပြောပါတယ်။

မနေ့က USDP ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပခဲ့ပြီး သမ္မတဟောင်း ဦးသိန်းစိန်လည်း တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးမှာ အခုလို ထုတ်ပယ်တဲ့ကိစ္စတွေကိုလည်း ဆွေးနွေးတယ်လို့ သိရပါတယ်။

သူရဦးရွှေမန်းဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ သာမန်အဖွဲ့ဝင်သာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
သူရဦးရွှေမန်း အပါအဝင် ၁၇ ဦးကို ထုတ်ပယ်  သူရဦးရွှေမန်း အပါအဝင် ၁၇ ဦးကို ထုတ်ပယ် Reviewed by THITHTOOLWIN on 18:34 Rating: 5
Powered by Blogger.