ကမ္ဘာ့အကြီးဆုံးမြွှေ သေဆုံး

မလေးရှားမှာ ဖမ်းမိတဲ့ မြွေက ၈ မီတာလောက်ရှည် (Credit: ABC licensed) 
ကမ္ဘာပေါ်မှာ ​ဖမ်းမိထားတဲ့ ​မြွေတွေထဲမှာ ​အကြီးဆုံးဖြစ်တဲ့ ​မလေးရှားနိုင်ငံက ​စပါးအုံမြွေဟာ ​ဖမ်းဆီးခံရပြီး ​သုံးရက်အကြာမှာ ​သေဆုံးသွားပါတယ်။

အဲဒီမြွေဟာ ​၈ ​မီတာလောက် ​ရှည်ပြီး ​အလေးချိန်အားဖြင့် ​၂၅၀ ​ကီလိုဂရမ် ​ရှိတယ်လို့ ​ဆိုပါတယ်။

Guinness ​World ​Records ​အရ ​ဖမ်းမိထားတဲ့ ​အကြီးဆုံးမြွေက ​၇.၆၇ ​မီတာနဲ့ ​၁၅၈ ​ကီလိုဂရမ်လောက်သာ ​ရှိတဲ့အတွက် ​မလေးရှားနိုင်ငံက ​မြွေက ​ပိုကြီးနေတာ ​ဖြစ်ပါတယ်။

အဲဒီမြွေကို ​ဆောက်လုပ်ရေး ​လုပ်ငန်း ​တစ်ခုမှာ ​တွေ့ရှိတာဖြစ်ပြီး ​အဲဒီမြွေဟာ ​ဥတစ်ဥ ​ဥပြီးတဲ့နောက် ​သေဆုံးသွားတာလို့ ​ဆိုပါတယ်။

၁၉၁၂ ​ခုနှစ်တုန်းက ​အင်ဒိုနီးရှားနိုင်ငံမှာ ​၁၀ ​မီတာ ​ရှိတဲ့ ​မြွေတစ်ကောင်ကို ​အသေရခဲ့ဖူးတယ်လို့ ​Guinness ​World ​Records ​မှာ ​ဖော်ပြထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ကမ္ဘာ့အကြီးဆုံးမြွှေ သေဆုံး  ကမ္ဘာ့အကြီးဆုံးမြွှေ သေဆုံး Reviewed by THITHTOOLWIN on 11:43 Rating: 5
Powered by Blogger.