‎မိုးကောင်းမြို့တွင် လူ၈၀ကျော် အစာအဆိပ်သင့်‬


ဧပြီ ၁၁

မိုးကောင်းမြို့၊ နောင်ကိုင်တော်ရပ်ရှိ ရိုမန်ကက်သလစ် ဘုရားကျောင်းတွင် ဂီတသင်တန်းတက်ရောက်နေသော လူငယ် ၈၀ ကျော် ညနေစာစားအပြီး အစာအဆိပ်သင့် ကာ ဆေးရုံသို့ ပို့အပ်ကုသခဲ့ရကြောင်းသိရသည်။

ကြက်ဥ၊ကော်ဖီထုပ်ဟင်းရည်ကို စားသောက်ပြီးနောက် ထိုသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရပြီး မည်သည့် ဓာတ် မတည့်မှုမျိုးဖြစ်သည်ကိုမူ စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် သင်တန်းသား ၁၃၂ ဦး တက် ရောက်လျက်ရှိရာ ကျား ၄၄ ဦးနှင့် မ ၄၃ ဦး ဆေးရုံ တင်ခဲ့ရခြင်းဖြစ်ပြီး လတ်တလောအခြေအနေတွင် စိုးရိမ်ရသည့်အခြေအနေမရှိတော့ကြောင်းသိရသည်။

(စိုးမြင့်)
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm/
‎မိုးကောင်းမြို့တွင် လူ၈၀ကျော် အစာအဆိပ်သင့်‬  ‎မိုးကောင်းမြို့တွင် လူ၈၀ကျော် အစာအဆိပ်သင့်‬ Reviewed by THITHTOOLWIN on 02:11 Rating: 5
Powered by Blogger.