ရွေးကောက်ခံမဟုတ်သည့် တပ်မတော်သားကိုယ်စားလှယ် အရေအတွက်အား လျှော့ချသင့်ဟု ဥရောပသမဂ္ဂက အကြံပြုတိုက်တွန်း


ပြည်သူလူထုက မဲပေးရွေးချယ် ထားခြင်း မဟုတ်သည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အရေအတွက် များအား လျှော့ချသင့်ကြောင်း အကြံပြုချက် ပါဝင်သည့် ဥရောပသမဂ္ဂ၏ ၂၀၁၅ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အပြီးသတ် အစီရင်ခံစာကို မတ်လ ၃၁ ရက်က Novotel ဟိုတယ်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

''ရွေးကောက်ခံရတဲ့ အဖွဲ့အစည်းတွေက စစ်မှန်တဲ့အပြည်ပြည်ဆိုင်ရာ စံနှုန်းတွေနဲ့ ရွေးကောက်ပွဲကို ထင်ဟပ်ရ မှာပါ။ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက ရွေးကောက်ခံ မဟုတ်ဘူး။ စံချိန်စံညွှန်းတွေနဲ့ မကိုက် ညီတဲ့အတွက် အရေအတွက် ကိုလျှော့ချပယ်ဖျက်သင့်ပါတယ်''ဟု ဥရောပလွှတ်တော်ဒုဥက္ကဋ္ဌနှင့် ၂၀၁၅ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူ Alexander Graf Lambsdorff ကပြောသည်။

ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် မဲပေးသူပြည်သူများ အကြားတွင်လည်း ကန့်သတ်ချက်များ၊ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် နိုင်ငံအတွင်း ဆယ်နှစ် ဆက်တိုက် နေထိုင်ရမည်ဆို သည့် ကန်သတ်ချက်များမှာလည်း တင်းကျပ်ကြောင်း Alexander Graf Lambsdorff က
ပြောသည်။

အဆိုပါ အပြီးသတ် အစီရင်ခံစာတွင် အစိုးရသစ်အနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ပြင်ဆင်သင့်သည့် အချက်များ အကြံပြုချက် ငါးဆယ်ပါဝင်ပြီး ဥပဒေအခြေခံစနစ်၊ ရွေးကောက်ပွဲစီမံခန့်ခွဲမှု၊ မဲဆွယ်စည်းရုံးခြင်း စသည့် အချက်များပါဝင်ကြောင်း သိရသည်။

''ဥရောပသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံအတွက် ရွေးကောက်ပွဲတွေကို လေ့လာ မှုတွေ၊ အကြံပြုချက်တွေကို ဆက်လက်ပြုလုပ်သွားမှာဖြစ်ပါတယ်။ အခု အပြီးသတ်အစီရင်ခံစာကိုလည်း အရပ်ဘက်အဖွဲ့အစည်း
တွေ၊ အစိုးရဌာန တွေကို မျှဝေပေးသွားမှာပါ''ဟု ဥရောပသမဂ္ဂမှ Public Outreach Officer ဖြစ်သူ Eberhard Laue က ပြောသည်။

EU အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် EU အဖွဲ့ဝင်နိုင်ငံပေါင်း၂၈ နိုင်ငံမှပညာရှင်များအပါအဝင်လူအင်အား၁၅၀ ကျော်ဖြင့် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies
ရွေးကောက်ခံမဟုတ်သည့် တပ်မတော်သားကိုယ်စားလှယ် အရေအတွက်အား လျှော့ချသင့်ဟု ဥရောပသမဂ္ဂက အကြံပြုတိုက်တွန်း ရွေးကောက်ခံမဟုတ်သည့် တပ်မတော်သားကိုယ်စားလှယ် အရေအတွက်အား လျှော့ချသင့်ဟု ဥရောပသမဂ္ဂက အကြံပြုတိုက်တွန်း Reviewed by THITHTOOLWIN on 17:20 Rating: 5
Powered by Blogger.