ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို ပြန်ရွေးမယ်


ဒီနှစ် ဇန္နဝါရီ လဆန်းပိုင်းကနေ စတင် ရွေးချယ်ပြီး ဧပြီလကမှ အသစ် ခန့်အပ်လိုက်တဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ပြန်လည် ရွေးချယ်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို နိုင်ငံတော် သမ္မတရုံးက ဧပြီလ (၂၂)ရက်နေ့ ရက်စွဲနဲ့ အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။

တကယ်တော့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဟာ အရင်အစိုးရ သက်တမ်းကုန်ခါနီးမှာ အပြီးရွေးချယ်ခဲ့ပြီး အစိုးရသစ် တက်တဲ့ ဧပြီလမှာ အုပ်ချုပ်ရေးမှူးတွေကို အတည်ပြု ခန့်အပ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အခု ဒီအုပ်ချုပ်ရေးမှူးတွေကို အသစ် ပြန်လည် ရွေးချယ်ဖို့ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ သမ္မတရုံးရဲ့ ခေတ္တ ညွှန်ကြားရေးမှူးချုပ် လက်မှတ်နဲ့ ပြည်ထဲရေး ဝန်ကြီးဌာနကို လျှို့ဝှက်စာ ပေးပို့ခဲ့တာလို့ သိရပါတယ်။

ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်မှု ပုံစံနဲ့ ပတ်သက်လို့ ရပ်ကွက်တချို့မှာ ကန့်ကွက် ဆန္ဒပြမှုတွေ ရှိခဲ့ပြီး အသစ် ရွေးချယ်ပြီးသား အုပ်ချုပ်ရေးမှူးတွေကို ပြန်လည် ရွေးချယ်ဖို့ ရပ်ကွက်နေသူတွေက တောင်းဆိုတာတွေလည်း ရှိခဲ့ပါတယ်။

ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ ဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ဖူးတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း လူထုဆက်ဆံရေးနဲ့ လူ့အခွင့်အရေးဌာန ရဲ့ တာဝန်ခံ ကိုဂျင်မီ က အုပ်ချုပ်ရေးမှူးတွေ ပြန်ရွေးချယ်တာကို ကြိုဆိုပေမယ့် ဥပဒေပါ ရွေးချယ်မှု ပုံစံ အချက်အလက်တချို့ ပြင်ဖို့ လိုတယ်လို့ ထောက်ပြပါတယ်။

ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ပြန်ရွေးချယ်ဖို့ သမ္မတရုံးကနေ ပြည်ထဲရေးဝန်ကြီးဌာနကို ပို့တဲ့ အကြောင်းကြားစာမှာတော့ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေအရ အုပ်ချုပ်ရေးမှူးတွေရဲ့ ရာထူးသက်တမ်းဟာ သမ္မတရဲ့ ရာထူးသက်တမ်းအတိုင်း ဖြစ်တာမို့ အများ ကြည်ညို လေးစားပြီး သိက္ခာသမာဓိ ရှိတဲ့ ပုဂ္ဂိုလ်တွေကို ဥပဒေနဲ့ အညီ ပြန်လည် ရွေးချယ် ခန့်အပ်ရမယ်လို့ ဖော်ပြထားပါတယ်။

အရင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်မှု ပုံစံမှာ မမှန်ကန်မှုတွေ ရှိတယ်ဆိုပြီး ဝေဖန်တာတွေ ရှိခဲ့သလို ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ပြန်လည် ရွေးချယ်ဖို့ တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ လက်တွေ့ ဆောင်ရွက်ရာမှာ အခက်အခဲတွေတော့ ရှိလာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ