ဇနီးဖြစ်သူကို နောက်ယောင်္ကျား ပေးစားသဖြင့် သမက်က ယောက္ခမဖြစ်သူကို မသေမချင်း ဓါးဖြင့် ထိုးသတ်


နိရဉ္စရာ၊ ဧပြီ ၆

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်ကြီးထောင့် အလယ်ရွာတွင် သမက်ဖြစ်သူက ဇနီး၏ ဖခင် (ယောက္ခမ) ဖြစ်သူကို မသေမချင်း ဓါးနှင့် ထိုးသတ်မှုတစ်ခု ဧပြီလ ၅ ရက်နေ့က ဖြစ်ပွားခဲ့သည်။

ဖြစ်ပွားရခြင်းမှာ ယောက္ခမဖြစ်သူ ဘင်္ဂလီ လူမျိုး အဘူတော်ယုတ်က သူ၏သမီးအား လင်ယောင်္ကျား ဖြစ်သူ ရှိလျှက် နောက်ထပ်ယောင်္ကျာ တစ်ယောက်နှင့် ပေးစားခဲ့သဖြင့် မကျေနပ်ရာမှ သားမက်ဖြစ်သူ အာယုအာလီ က ဓားမြှောင်ဖြင့် ထိုးသတ်ခြင်းဖြစ်ကြောင်း ဘူးသီးတောင်မြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက နိရဉ္စရာသို့ ပြောကြားသည်။

ဘူးသီးတောင်မြို့နယ် မောင်ကြီးထောင့်ကျေးရွာအုပ်စု၊ အလယ်ရွာနေ ဘင်္ဂလီလူမျိုး အဘူတော်ယုတ် (၆၅)နှစ်အား သမက်ဖြစ်သူ အာယုအာလီ (၂၆) နှစ်က အလယ်ရွာရှိဈေးဆိုင်တွင် ဧပြီလ ၅ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ဓါးဖြင့် ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။

တရားခံဖြစ်သူမှာ သက်သေခံဓါးဖြင့် ဘူးသီးတောင်မြို့မရဲစခန်းတွင် လာရောက်အဖမ်းခံခဲ့သည်ဟု သိရသည်။

သေဆုံးသူ၏ ရင်ဘတ်၊ ၀မ်းဗိုက်၊ နံဘေးနှင့် လက်မောင်းတို့ တွင် ထိုးသွင်းဒါဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း ထွက်ဆိုသည်ဟု ဘူးသီးတောင်မြို့မရဲစခန်းမှ တစ်ဆင့် သိရသည်။

မှုခင်းဖြစ်ပွားရာနေရာသည် နယ်ခြားစောင့်ရဲတပ်ဖွဲ့ အပိုင်နယ်မြေတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သဖြင့် ဘူးသီးတောင်မြို့မ ရဲစခန်းမှ တောင်ဘဇာရဲတပ်ဖွဲ့စခန်းသို့ အမှုကို လွှဲပြောင်းပေးခဲ့သည်။

သေဆုံးသူ၏ ဇနီးဖြစ်သူ မူစတာဖာခါတူ (၆၀)နှစ်က တရားလိုပြုလုပ်၍ အာယုအာလီအား တရားစွဲဆိုသဖြင့် တောင်ဘဇာ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းမှ (ပ) ၉/၂၀၁၆၊ ပုဒ်မ ၃၀၂ အရ အမှုဖွင့်လှစ် အရေးယူ ထားသည်ဟု သိရှိရသည်။

ခိုင်ခန့်အောင် (ဘူးသီးတောင်)
Arakan State
https://www.facebook.com/NarinjaraNews
ဇနီးဖြစ်သူကို နောက်ယောင်္ကျား ပေးစားသဖြင့် သမက်က ယောက္ခမဖြစ်သူကို မသေမချင်း ဓါးဖြင့် ထိုးသတ်  ဇနီးဖြစ်သူကို နောက်ယောင်္ကျား ပေးစားသဖြင့် သမက်က ယောက္ခမဖြစ်သူကို မသေမချင်း ဓါးဖြင့် ထိုးသတ် Reviewed by THITHTOOLWIN on 08:38 Rating: 5
Powered by Blogger.