မိုးမိတ်၌ မိုးသက်လေပြင်းများတိုက်ခတ်ပြီး မိုးသီးများကြွေကျ


မိုးမိတ်၊ ဧပြီ ၂၂

မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ဧပြီ ၂၂ ရက် ညနေ(၃)နာရီ ၄၀မိနစ် မှစတင်၍ (၁၀)မိနစ်ခန့် ကြာမျှ လေပြင်းများ တိုက်ခတ်ပြီး ကွမ်းသီးလုံးခန့်မိုးသီး များကြွေကျကာ မိုးသည်းထန် စွာရွာသွန်းခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် နေအိမ်အဆောက်အဦးအချို့ မိုးသီးမှန်၍ မှန်ပြတင်း များ ကွဲကြေ ပျက်စီးခြင်း၊ နေအိမ်အမိုးများလန်ခြင်း၊ သစ်ပင်သစ်ကိုင်း များကျိုးကျခြင်း၊တယ်လီဖုန်းကြိုး၊ လျှပ်စစ်မီးကြိုးများပြတ် ကျခြင်းများဖြစ်ပွား ခဲ့သည်။ မိုးမိတ်မြို့ ဘိုးဘိုးကြီးနတ်စဉ်ရှေ့တွင် ရပ်ထား သော PAJERO ID အမျိုးအစား မော်တော်ကားတစ်စီးမှာ ညောင်ပင် သစ်ကိုင်းပိ၍ ပျက်စီးခဲ့သည်။

လေပြင်းတိုက်ခတ်မှု ဖြစ်စဉ်အပြီးတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက လဲကျနေသော သစ်ပင်သစ်ကိုင်းများ၊ မီးကြိုး၊ တယ်လီဖုန်းကြိုးများကို ကူညီရှင်းလင်း ဖယ်ရှားပေး ခဲ့ကြောင်း သိရသည်။

စည်သူဌေး(မိုးမိတ်ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မိုးမိတ်၌ မိုးသက်လေပြင်းများတိုက်ခတ်ပြီး မိုးသီးများကြွေကျ  မိုးမိတ်၌ မိုးသက်လေပြင်းများတိုက်ခတ်ပြီး မိုးသီးများကြွေကျ Reviewed by THITHTOOLWIN on 20:24 Rating: 5
Powered by Blogger.