တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၏ ၁၃၇၇ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် မဏ္ဍပ်များဖွင့်လှစ်


မြိတ် ဧပြီ ၁၂

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၏ ၁၃၇၇ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် မဏ္ဍပ်များဖွင့်ပွဲကို သင်္ကြန် အကြိုနေ့ ဧပြီလ (၁၂)ရက် ညနေ(၄း၃၀)နာရီက မြိတ်မြို့ မဟာသင်္ကြန်မဏ္ဍပ်တွင် ကျင်းပရာ တနင်္သာ ရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း၊ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီဝင်များ၊ လူမှုရေး အသင်း အဖွဲ့များ၊ ယိမ်းအက အဖွဲ့များ၊ သင်္ကြန်ချစ်သော ပြည်သူများ တက်ရောက်ခဲ့ကြသည်။



ရှေးဦးစွာ မြိတ်မြို့၏ ၁၃၇၇ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက ဖွင့်လှစ်ကြောင်းကြေညာခဲ့ပြီး မြန်မာ့ရိုးရာ မဟာသင်္ကြန် မဏ္ဍပ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိ သူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဖွင့်လှစ်လိုက် သည်နှင့် တပြိုင်နက် ယိမ်းအကအဖွဲ့များက မြူမှောင်ဝေကင်း၊ မန်းတောင်ရိပ်ခိုသင်္ကြန်တေးသီချင်းသီဆို၍ သင်္ကြန်အက အလှများဖြင့် ဖျော်ဖြေကြသည်။



ယင်းနောက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသော သင်္ကြန်ချစ်သူအပေါင်းက သပြေခက်နှင့် အတာရေစင်များ သွန်းလောင်း၍ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို တပျော်တပါး ပါဝင်ယှဉ်နွဲကြပြီး ဖွင့်ပွဲ အခမ်းအနားရုပ်သိမ်းလိုက်ကြသည်။ ဆက်လက်ပြီး မြိတ်အများပိုင် ကော်ပိုရေးရှင်းလီမိတက် မဟာသင်္ကြန် ရေကစားမဏ္ဍပ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနားများအပြီးတွင် မဏ္ဍပ်များ၌ ယိမ်းအက အဖွဲ့များက သင်္ကြန်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး တေးသံရှင်များက မြူးမြူးကြွကြွတေးသီချင်း များဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ညပိုင်းတွင် မဟာသင်္ကြန်ယိမ်းအကပြိုင်ပွဲများ ကျင်းပလျက်ရှိကြောင်း သတင်းရရှိသည်။

ခိုင်ထူး (မြိတ်ခရိုင် ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၏ ၁၃၇၇ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် မဏ္ဍပ်များဖွင့်လှစ်  တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၏ ၁၃၇၇ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် မဏ္ဍပ်များဖွင့်လှစ် Reviewed by THITHTOOLWIN on 22:04 Rating: 5
Powered by Blogger.