ဦးဂမ္ဘီရအား တရားရုံးက အပြီးသတ်အမိန့်ချမှတ်


ဧပြီ ၂၆ ။

မန္တလေးတိုင်း၊မဟာအောင်မြေတရားရုံးတွင် ပုဒ်မ ၁၃(က)ဖြင့်တရားစွဲခံ ရ သူ ဦးဂမ္ဘီရ(ခ)ဦးညီညီ လွင်-ကို ဧပြီလ ၂၆ ရက် မွန်းလွဲ ၃ နာရီတွင်ထောင် ဒဏ် ၆-လကျခံရန် အပြီးသတ် အမိန့်ချ လိုက်ပြီဖြစ်သည်။

"တရားဝင်သွားလာတာကို အမှုဆင်ဖမ်းဆီးခံရတာလို့ ပြော ချင်တယ်။ အ ခုထောင်ဒဏ် ချတဲ့အပေါ် အယူခံလည်း မ၀င်တော့ဘူး။ တရားစီရင် ရေးကို အယုံအကြည်မရှိလို့ပဲ။"ဟု ဦးဂမ္ဘ္ဘီရ (ခ) ဦးညီညီလွင်မှ ပြောသည်။

ဦးဂမ္ဘီ္ဘရ(ခ)ဦးညီညီလွင်အား မန္တလေးမြို့ရှိ Power Hotel တွင် တည်းခိုစဉ် ဇန်နဝါရီလ၁၉ ရက်ည ၉ နာရီက မဟာအောင်မြေမြို့နယ်ရဲတပ်ဖွဲ့မှတရား မဝင်နယ်စပ်ဖြတ်ကျော်မှု-၁၃(က)ဖြင့်ဖမ်းဆီးတရားစွဲဆိုခဲ့ ခြင်းဖြစ်သည်။

"လွှတ်ပေးလိမ့်မယ်လို့လည်း မျှော်လင့်ထားသလို ယုံကြည်ထားတဲ့အချိန် မှာ ထောင်ဒဏ် ချလိုက်တော့ အမေ တစ်ယောက် အနေနဲ့အတော်လေးကို ဝမ်းနည်းခံစားရတယ်။"ဟု မိခင်ဖြစ်သူ ဒေါ်ရေး က ပြောသည်။

ဦးဂမ္ဘ္ဘီရသည်၂၀၀၇-ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုတွင်ဦးဆောင်ခဲ့၍ဖမ်းဆီးေ အကျဉ်းချခံခဲ့ရပြီး ၂၀၁၂-ခုနှစ်တွင် လွတ်မြောက်ခဲ့ကာ ရဟန်းဘဝမှ လူ ဝတ် လဲကာ သြစတြေးလျနိုင်ငံသူနှင့် အိမ်ထောင်ပြုခဲ့သည်။

Mandalay News (facebook)
ဦးဂမ္ဘီရအား တရားရုံးက အပြီးသတ်အမိန့်ချမှတ်  ဦးဂမ္ဘီရအား တရားရုံးက အပြီးသတ်အမိန့်ချမှတ် Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.