ဇနီးဖြစ်သူနှင့် စကားများပြီး အက်စစ်သောက်လိုက်သည့် ကျေးရွာအုပ်ချုပ်ရေးမှူး သေဆုံး


ဝမ်းတွင်း၊ ဧပြီ (၁၀) ရက်

မန္တလေးတိုင်းဒေသကြီး မိတ္တီလာခရိုင် ဝမ်းတွင်းမြို့နယ် ရွှေတောင်တိုက်နယ် သနပ်ခါးတောကျေးရွာအုပ်စု ကျွတ်ကန်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး အသက် (၄၁)နှစ်အရွယ် ဦးကျော်ဆွေသည် ဇနီးဖြစ်သူနှင့် စကားများပြီး အက်စစ်သောက်လိုက်သဖြင့် ဆေးရုံတင်ပို့ထားရာမှ သေဆုံးသွားကြောင်း သိရသည်။

ရွှေတောင်တိုက်နယ်ရဲစခန်းမှ ဒု-ရဲအုပ် ခင်မောင်တင့်သည် ဧပြီလ(၉)ရက်နေ့ ညနေ (၅)နာရီ (၃၀)မိနစ်ခန့်တွင် သတင်းရရှိသဖြင့် သွားရောက်စုံစမ်းရာ ဦးကျော်ဆွေသည် ဇနီးဖြစ်သူနှင့် စကားများပြီးနောက် အိမ်တွင် ဘက်ထရီအိုးထည့်ရန်ထားသည့် အက်စစ်ကို ယူသောက်လိုက်ခြင်း ဖြစ်ကြောင်းနှင့် ၎င်းအား ကျောက်ဆည်ဆေးရုံသို့ ချက်ချင်းပို့ဆောင်ကုသသော်လည်း ည (၈)နာရီ ၄၂ မိနစ်တွင် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေတောင်တိုက်နယ်ရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၆)ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

သတင်း။ ။ ‪ကိုလင်း‬(၀မ်းတွင်း)
Tachileik News Agency
http://www.tachileik.net/

ဇနီးဖြစ်သူနှင့် စကားများပြီး အက်စစ်သောက်လိုက်သည့် ကျေးရွာအုပ်ချုပ်ရေးမှူး သေဆုံး  ဇနီးဖြစ်သူနှင့် စကားများပြီး အက်စစ်သောက်လိုက်သည့် ကျေးရွာအုပ်ချုပ်ရေးမှူး သေဆုံး Reviewed by THITHTOOLWIN on 05:14 Rating: 5
Powered by Blogger.