အာရှလမ်းမကြီး တစ်မိုင်ကုန်းအနီး ကားတစ်စီးမီးလောင်


ကော့ကရိတ် မတ် ၃၁

အာရှလမ်းမကြီး တစ်မိုင်ကုန်းအနီးတွင် မတ် ၃ဝ ရက် ညနေ ၃ နာရီ ၂၅ မိနစ်ခန့်က ယာဉ်တစ်စီးမီးလောင်နေကြောင်း သတင်းအရ မြို့မရဲစခန်းမှူး ဒုတိယရဲမှူးခင်မောင်အေးနှင့်တပ်ဖွဲ့ဝင်များ၊ အမှတ်(၇၁)ယာဉ်ထိန်းရဲစုရုံးမှ ရဲအုပ်ဇော်လတ်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဇော်ပါ တပ်ဖွဲ့ဝင်များ၊ ရေသယ်ယာဉ် နှစ်စီး၊ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဦးလှရွှေနှင့် အဖွဲ့က ယာဉ်နှစ်စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြသည်။

၉ဂ/..... ဟွန်ဒါဖစ်အနက်ရောင်ယာဉ်သည် မြဝတီမြို့ဘက်မှ ကော့ကရိတ်မြို့ဘက်သို့ မောင်းနှင်လာစဉ် အာရှလမ်းမကြီး တစ်မိုင်ကုန်းအနီး ကီလိုမီတာ (၁၃၈/၁၃၉)ကြားအရောက်တွင် ကားမှာဝါယာရှော့ခ်ဖြစ်ရာမှ မီးလောင်ကျွမ်းခဲ့ကြောင်းသိရပြီး ညနေ ၃နာရီခွဲခန့်တွင် မီးငြိမ်းသွားပြီး ငါးမိနစ် အကြာတွင် ယာဉ်လမ်းကြောင်းရှင်းလင်းသွားကြောင်း သိရသည်။

ယာဉ်မီးလောင်မှုနှင့်ပတ်သက်၍ ယာဉ်မောင်းအား (အမည်၊ လိပ်စာ စုံစမ်းဆဲ) ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုးထက်အောင်(ကော့ကရိတ်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
အာရှလမ်းမကြီး တစ်မိုင်ကုန်းအနီး ကားတစ်စီးမီးလောင်  အာရှလမ်းမကြီး တစ်မိုင်ကုန်းအနီး ကားတစ်စီးမီးလောင် Reviewed by THITHTOOLWIN on 07:31 Rating: 5
Powered by Blogger.