မှောင်ရိပ်ခိုအတွဲများ ပေါ်တော်မူဂေါက်ကွင်းအတွင်း တွေ့ရှိ


မြိတ်ပေါ်တော်မူဘုရားတွင် ညအချိန်မတော် ချိန်းတွေ့နေကြသည့် စုံတွဲ(၂၇)တွဲကို မြိတ်ခရိုင် ရဲမှူးဦးဆောင်အဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဧပြီလ(၁၀)ရက်နေ့၊ ည( ၉) နာရီခွဲအချိန်ခန့်က ကလွင်နယ်မြေအုပ်ချုပ်ရေးမှူးရုံးသို့ခေါ်ယူပြီး ပေါ်တော်မူဘုရားအနီး တဝိုက်တွင် ညပိုင်းအချိန်များတွင် လုယှက်မှုများရှိနေသဖြင့် နောက်နောင် ဘုရားကုန်းမြေပေါ်ရှိ မှောင်ရိပ်ကျသည့် နေရာများတွင် အချိန်မတော် ချိန်းတွေ့မှုများ မပြုလုပ်ကြရန် ဆုံးမစကားပြောကြားပြီး ခံဝန်လက်မှတ်ရေးထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါအတွဲများသည် မြိတ်မြို့တွင် ချိန်းတွေ့ရန်အတွက် နေရာမရှိသဖြင့် ပန်းခြံတခုတည်ဆောက်ပေးရန် တောင်းဆိုခဲ့ကြောင်းသိရပါသည်။

Myat Htut - Myeik
https://www.facebook.com/Myat-Htut-Myeik
မှောင်ရိပ်ခိုအတွဲများ ပေါ်တော်မူဂေါက်ကွင်းအတွင်း တွေ့ရှိ  မှောင်ရိပ်ခိုအတွဲများ ပေါ်တော်မူဂေါက်ကွင်းအတွင်း တွေ့ရှိ Reviewed by THITHTOOLWIN on 09:02 Rating: 5
Powered by Blogger.