ခါတော်မှီလုပ်စားကြသည့် နေပြည်တော်-ရန်ကုန်ခရီးသည်တင်ယာဉ်လိုင်းများ


သင်္ကြန်ကာလအတွင်း နေပြည်တော်-ရန်ကုန်ပြေးဆွဲနေသည့် ခရီးသည်ယာဉ်လိုင်းများ ယာဉ်စီးခပိုတောင်းပါက မထသသို့ တရားဝင်တိုင်ကြားနိုင်ပြီဟု ညွှန်ကြားချက်များထုတ်ထားသော်လည်း နေပြည်တော်-ရန်ကုန်ပြေးဆွဲနေသည့် ယာဉ်လိုင်းများမှာ ပုံမှန်ယာဉ်စီးခထက် တိုးမြှင့်ရောင်းချခြင်းများ ပြုလုပ်ကြသည်ဟု နေပြည်တော်မှ ရန်ကုန်သို့ပြန်မည့် ခရီးသည်များက ပြောသည်။

ယာဉ်စီးခများကို ကျပ် ၅၉၀၀မှ ကျပ် ၈၀၀၀၊ ကျပ် ၁၀,၀၀၀ စသည့်နှုန်းထားများဖြင့် မှောင်ခိုရောင်းချလျက်ရှိ ကြောင်း အချို့ယာဉ်လိုင်းများမှာ သင်္ကြန်ကာလအတွင်း ယာဉ်များမထွက်ဟုဆိုသော်လည်း နေ့စဉ် ည ၈ နာရီနှင့် ၉ နာရီတို့တွင် ကားနှစ်စီးနှင့်အထက်ထွက်ကြကြောင်း ယာဉ်စီးခမှာလည်း ကျပ် ၈,၀၀၀ အထိ ယူနေခြင်းမျိုးရှိကြောင်း ရန်ကုန်သို့ပြန်မည့် ခရီးသည်တဦးဖြစ်သူ ဦးကျော်ထူးကပြောသည်။

ယင်းကဲ့သို့ ယာဉ်စီးခများ တိုးမြှင့်မတောင်းယူရန် နေပြည်တော်မထသမှ ညွှန်ကြားထားသော်လည်း ယာဉ်လိုင်းများ၏ အထက်ပါအတိုင်းပြုလုပ်နေခြင်းနှင့် ပတ်သက်၍ နေပြည်တော်မထသတာဝန် ရှိသူများအနေဖြင့် မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို ခရီးသည်များက စိတ်ဝင်တစားစောင့်ကြည့်လျက်ရှိကြောင်း သိရပါသည်။

ထွန်း(နေပြည်တော်)
https://www.facebook.com/NewsWatchJournal
ခါတော်မှီလုပ်စားကြသည့် နေပြည်တော်-ရန်ကုန်ခရီးသည်တင်ယာဉ်လိုင်းများ  ခါတော်မှီလုပ်စားကြသည့် နေပြည်တော်-ရန်ကုန်ခရီးသည်တင်ယာဉ်လိုင်းများ Reviewed by THITHTOOLWIN on 19:18 Rating: 5
Powered by Blogger.