ကောလင်းမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များနှင့် လျှပ်စစ်ကွန်ကရစ်မီးတိုင်များ ကျိုးကျပျက်စီး


ကောလင်း ဧပြီ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ၂၉ ရက် ည ၇ နာရီခွဲအချိန်ခန့်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဥမင်ကုန်း၊ အင်ပင်လှ၊ ကျောက်ပြင်သာ၊ တောင်မော်၊ ကျောက်တန်းကျေးရွာအုပ်စု တို့ရှိ ကျေးရွာများ၌ လူနေအိမ် ၂၅၀ ခန့်၊ ဘုန်းတော်ကြီးကျောင်း ၄ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်း၊ ကလေးပျော်ကျောင်း ၁ကျောင်း၊ ကျေးရွာစာကြည့်တိုက် ၁ တိုက်တို့ အမိုးများ လှန်ကျပျက်စီးခဲ့ပါသည်။

 ၎င်းအပြင် ကွန်ကရစ်လျှပ်စစ်မီးတိုင် ၂၄ တိုင် ကျိုးကျပျက်စီးခဲ့ပါသည်။ ပျက်စီးခဲ့သောကျေးရွာများသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျှက်ရှိ ကြောင်းသိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ကောလင်းမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များနှင့် လျှပ်စစ်ကွန်ကရစ်မီးတိုင်များ ကျိုးကျပျက်စီး  ကောလင်းမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များနှင့် လျှပ်စစ်ကွန်ကရစ်မီးတိုင်များ ကျိုးကျပျက်စီး Reviewed by THITHTOOLWIN on 10:01 Rating: 5
Powered by Blogger.