ဇာတ်လမ်းတွဲရိုက်ရင်း ကျွဲပေါ်မှ လိမ့်ကျခဲ့သည့် ထိုင်း မင်းသားနဲ့  မင်းသမီး


6April2016

ဧပြီလ (၅)ရက် ညနေ (၅)နာရီအချိန်မှာ ထိုင်းနိုင်ငံ TV အမှတ် (၈) လိုင်းမှ ပြသနေသည့် "မယ့်နမ့် " ရှေးဟောင်း အချစ် ဇာတ်လမ်းတွဲရိုက်ကူးနေ တဲ့ မင်းသမီး အစရမ် စူတီဝမ် အသက် (၂၈) နှစ်နဲ့  မာတင် (ထိုင်းနဲ့  ဒိန်းမတ် စပ်မွေးထားသူ) အသက် ၂၄ တို့  ဟာ ဘန့် ယိုင် ခရိုင် လယ်ကွင်းမှာကျွဲစီးခန်း ရိုက်ကူးနေရင်း ကျွကရုတ်တရက် လန့် ပြေးခဲ့လို့  နှစ်ယောက်လုံး ဒဏ်ရာရသွားခဲ့ကြောင်း သိရပါတယ်။


ယခုဖြစ်ရပ်ကြောင့် ရူတင်ရိုက်ကူးနေကြတဲ့ TV အဖွဲ့ သားတွေ အားလုံး ဆက်မရိုက်နိုင်ကြတော့ပဲ နယ်မှပြန်လာခဲ့ရပြီး မင်းသမီးနဲ့  မင်းသားနှစ်ဦး အား အရေးပေါ်ဆေးရုံ တင်ခဲ့ရပါတယ်။

ရိုက်ကူးသူတွေပြောဆိုနေတာကတော့ မင်းသမီးနဲ့  မင်းသားဟာ ဇာတ်ကား မရိုက်ကူးခင်မှာ တော်ပိုင် မြေပိုင် အစောင့်တွေကို ပွဲပေးပြီး ခွင့်ပြုမိန့် တောင်း ရမှာကို မလုပ်ခဲ့ကြဘူးလို့  ဆိုပါတယ်။

Social Action for Women - SAW's
https://www.facebook.com/Social-Action-for-Women-SAW
ဇာတ်လမ်းတွဲရိုက်ရင်း ကျွဲပေါ်မှ လိမ့်ကျခဲ့သည့် ထိုင်း မင်းသားနဲ့  မင်းသမီး  ဇာတ်လမ်းတွဲရိုက်ရင်း ကျွဲပေါ်မှ လိမ့်ကျခဲ့သည့် ထိုင်း မင်းသားနဲ့  မင်းသမီး Reviewed by THITHTOOLWIN on 20:20 Rating: 5
Powered by Blogger.