မုံရွာမြို့ပေါ်တွင် အုပ်စုဖွဲ့ရိုက်ပွဲဖြစ်ပွား၍ အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရ

ပုံစာ = ခိုက်ရန်ဖြစ်ပွားသည့်နေရာအား မြင်တွေ့ရပုံ(ဓာတ်ပုံ = ကိုတိုးကြီး)
မုံရွာ၊ ´ဧပြီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ရန်ကင်းရပ်ကွက်၊ အောင်ရိပ်သာ ဓမ္မာရုံအနီးနေရာ၌ ဧပြီ ၉ ရက်နေ့ည ၁၀ နာရီခွဲအချိန်ခန့်က အုပ်စုဖွဲ့ရိုက်နှက်မှုတစ်ရပ်ဖြစ်ပွားခဲ့သည်။

အဆိုပါ ရိုက်ပွဲဖြစ်စဉ်ကြောင့် အမျိုးသမီးနှစ်ဦး အမျိုးသား တစ်ဦးမှာ ထိခိုက်ဒဏ်ရာများ ကိုယ်စီရရှိခဲ့သည်။
ထို့ကြောင့် ဒဏ်ရာရရှိသူများကို အနီးဝန်းကျင်ရှိ လူများက သုံးဘီဆိုင်ကယ်တစ်စီးဖြင့် မုံရွာပြည်သူ့ဆေးရုံကြီးသို့ လိုက်ပါပို့ဆောင်ပေးခဲ့သည်။

၎င်း ဒဏ်ရာရရှိသူများအနက် အမျိုးသမီးတစ်ဦးမှာ သူမ၏ ဦးခေါင်းနောက်စေ့ နေရာ၌ ပေါက်ပြဲ ပြင်းထန်ဒဏ်ရာ ရရှိခဲ့၍ တာဝန်ကျ ဆရာဝန်များက အပူတပြင်း ကုသပေးလျက်ရှိသည်။

အဆိုပါ ခိုက်ရန်ဖြစ်ပွားသည့် နေရာသို့ နယ်မြေလှည့်ကင်းဆောင်ရွက်နေသည့် မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်နှင့်အဖွဲ့က အချိန်မီရောက်ရှိသွားပြီး ခိုက်ရန်ဖြစ်ပွားသည့် နှစ်ဘက်အခြေအနေအား ထိန်းသိမ်းဖြေရှင်းဆောင်ရွက်ရှိကြောင်း သိရှိရသည်။

ကိုတိုးကြီး
https://www.facebook.com/KoToeChinDween
မုံရွာမြို့ပေါ်တွင် အုပ်စုဖွဲ့ရိုက်ပွဲဖြစ်ပွား၍ အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရ  မုံရွာမြို့ပေါ်တွင် အုပ်စုဖွဲ့ရိုက်ပွဲဖြစ်ပွား၍ အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရ Reviewed by THITHTOOLWIN on 18:28 Rating: 5
Powered by Blogger.