ကျောက်ဖြူမြို့နယ်တွင် သင်္ကြန်အတွင်း ဆိုင်ကယ်ချင်းတိုက်၍ လူသုံးဦးသေဆုံး


နိရဉ္စရာ၊ ဧပြီ ၁၄

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် သင်္ကြန်အတွင်း ဧပြီလ ၁၃ ရက်နေ့က သင်္ကြန် လည်ပတ်သည့် ဆိုင်ကယ်ချင်းတိုက်၍ လူသုံးယောက်သေဆုံးပြီး တစ်ဦးကို ဆေးရုံ တင်လိုက်ရသည်ဟု သိရသည်။

သေဆုံးသွားသူနှစ်ဦးမှာ ကျောက်ဖြူမြို့နယ် ကျောက်ပြောက်အုပ်စု၊ ၀နက်ချွန်ကျေးရွာမှ ကိုမင်းနိုင်(၂၂) နှစ်နှင့် ရမ်းဗြဲမြို့နယ်၊ ကျောက်ဆောက်ကျေးရွာမှ ကိုဇော်မျိုးအောင် (၂၁) နှင့် ကိုလှရွှေတင်(၂၅)နှစ်တို့ ဖြစ်ကြသည်။

ကိုမင်းနိုင်နှင့် ကိုဇော်မျိုးအောင်တို့သည် ဧပြီလ ၁၃ ရက်နေ့က သေဆုံးခဲ့ပြီး ကိုလှရွှေတင်သည် ဧပြီ ၁၄ ရက် ၌ ဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။

ဒဏ်ရာရသူ ကိုမောင်ထွေးဖြူမှာကျောက်ဖြူမြိုနယ်၊ စနဲမြို့ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆက်လက် ဆေးကုသခံယူနေရသည်ဟု သိရသည်။

ဝနက်ချွန်ကျေးရွာမှ ကိုမင်းနိုင်နှင့် ကိုမောင်ထွေးဖြူ မောင်းလာသော ဆိုင်ကယ်နှင့် ကျောက်ဆောက်ကျေးရွာမှ ကိုလှရွှေတင်၊ ကိုဇော်မျိုးအောင် တို့ မောင်းလာသော ဆိုင်ကယ်တို့သည် ကျောက်ဖြူမြို့နယ် ဘောရဘာ ကျေး ရွာ အနီးတွင် တိုက်မိခြင်းဖြစ်ကြောင်း စနဲရဲစခန်းမှစခန်းမှူး ရဲအုပ် ၀င်းလွင် ကပြောသည်။

၎င်းဆိုင်ကယ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး စနဲရဲစခန်းမှူး ရဲအုပ်ဝင်းလွင် ကတရားလိုပြုလုပ်ကာ ပြစ်မှုပုဒ်မ ၃၇၇/၃၃၈ အရအရေးယူဆောင်ရွက် ထားကြောင်းသိရသည်။

ကျော်ဝင်း (ကျောက်ဖြူ)
Arakan State
https://www.facebook.com/NarinjaraNews
ကျောက်ဖြူမြို့နယ်တွင် သင်္ကြန်အတွင်း ဆိုင်ကယ်ချင်းတိုက်၍ လူသုံးဦးသေဆုံး  ကျောက်ဖြူမြို့နယ်တွင် သင်္ကြန်အတွင်း ဆိုင်ကယ်ချင်းတိုက်၍ လူသုံးဦးသေဆုံး Reviewed by THITHTOOLWIN on 11:02 Rating: 5
Powered by Blogger.