ထိုင်းရဟန်းတစ်ပါး ဇနီးဟောင်းကို သ၀န်တိုလို့သတ်ဖြတ်


 ဧပြီလ ၂၇ရက်နေ့ ၂၀၁၆ခုနှစ်တွင် ထိုင်းတီဗွီလိုင်း ၃၏သတင်းအရ ထိုင်းနိုင်ငံ ခေါင်ကင်ခရိုင်မှာသတင်းသုံးနေထိုင်သောရဟန်းတစ်ပါးက သူ၏ဇနီးဟောင်းကိုတခြားယောက်ကျားနဲ့ရှုပ်ပွေနေကြောင်းဖေ့ဘွတ်ခ်မှာသိရှိခဲ့လို့ ဇနီးအိပ်ပျော်နေချိန်မှာ ဓားရှည်ဖြင့်သတ်ဖြတ်လိုက်ပါတယ်။

ဖမ်းဆီးစစ်ဆေးချက်အရ သူတို့နှစ်ဦးဟာ အိမ်ထောင်ကျပြီးအတူနေထိုင်လာတာ ၆နှစ်ရှိပြီး နှစ်ဘက်နှစ်ဦးအကြား သဘောထားတွေကွဲလွဲမှုနှင့် အဆင်မပြေမှုတွေရှိခဲ့ရာကနေ ပြန်ကွဲသွားခဲ့ပါတယ် လင်ဖြစ်သူကဘုးန်းကြီးဝတ်ဖို့ဆုံးဖြတ်ပြီး သူ့ဇနီးက ဘယ်တော့မှနောက်ထပ်ယောက်ကျား မယူတော့ဘူး အတူရှင်အတူသေကြမယ်လို့ ကတိပေးကြပါတယ်။

 တနေ့မှာတော့ သူဇနီးဟောင်းကတခြားယောက်ကျားနဲ့ပွေရှုပ်နေတာကို ဖေ့ဘွတ်မှာတွေ့တော့ ကတိမတည်ဘူးဆိုပြီး ညအချိန်မှာ ဇနီးနေအိမ်ကိုပြန်လာပြီး ဇနီးအိပ်ပျော်နေတဲ့အချိန်ကိုစောင့်ကာ အိပ်အနောက်ဖက်ကနေ တက်ပြီးပြူတင်းပေါက်ဖက်ဝင်ကာ ဓားဖြင့်အကြိမ်ကြိမ်ခုတ်ဖြတ်ပစ်လိုက်တယ်လို့ ထွက်ဆိုလိုက်ပါတယ်။ လက်ရှိမှာလူသတ်အမှုနဲ့ ဖမ်းဆီးအရေးယူထားပါတယ်ခင်ဗျား။

MTF Channel
https://www.facebook.com/mtftv
ထိုင်းရဟန်းတစ်ပါး ဇနီးဟောင်းကို သ၀န်တိုလို့သတ်ဖြတ်  ထိုင်းရဟန်းတစ်ပါး ဇနီးဟောင်းကို သ၀န်တိုလို့သတ်ဖြတ် Reviewed by THITHTOOLWIN on 07:38 Rating: 5
Powered by Blogger.