ရွှေမြင်းပျံ ခရီးသည်ယာဉ် မြောင်းထဲကျ


ထားဝယ်ခရိုင် မလွဲတောင်ခြေကားလမ်းပိုင်း တနေရာတွင် ယနေ့ဧပြီ ၂၉ ရက် မနက် ၅ နာရီ ၂၀ မိနစ်ခန့်က ရွှေမြင်းပျံ ခရီးသည်ယာဉ် မြောင်းထဲကျသွားခဲ့ကြောင်း သိရသည်။


 ဖြစ်ပွားပုံမှာ ရွှေမြင်းပျံမှန်လုံခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့သည် အောက်ကိုဆင်း၍ အပေါ့သွားနေစဉ် ကားဘီးလိမ့်၍ လမ်းဘေးမြောင်းထဲသို့ ကျသွားခြင်းဖြစ်ပြီး ခရီးသည်များ ထိခိုက်မှုမရှိကြောင်းသိရသည်။

Myanmar Citizen News Agency (fb)
ရွှေမြင်းပျံ ခရီးသည်ယာဉ် မြောင်းထဲကျ  ရွှေမြင်းပျံ ခရီးသည်ယာဉ် မြောင်းထဲကျ Reviewed by THITHTOOLWIN on 08:52 Rating: 5
Powered by Blogger.