နိုင်ငံတော်သမ္မတ ထုတ်ပြန်သော အကျဉ်းသား ၈၃ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်၊ ၃၃/၂ဝ၁၆
၁၃၇၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက်
(၂ဝ၁၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်)
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း

နှစ်သစ်ကူးအခါသမယတွင် အမျိုးသားရင်ကြား စေ့ရေးနှင့် ပြည်သူလူထုနှလုံးစိတ်ဝမ်းငြိမ်းချမ်းစေရေးတို့ကို ဦးတည်သောအားဖြင့် အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား ၈၃ ဦး ကို ၁၃၇၈ ခုနှစ်၊ တန်ခူးလဆန်း ၁ဝ ရက် မြန်မာနှစ်ဆန်း ၁ ရက် (၂ဝ၁၆ ခုနှစ်၊ ဧပြီလ ၁၇ရက်) နေ့မှစ၍ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂ဝ၄၊ ပုဒ်မခွဲ (က)အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သည်။

(ပုံ)ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


Myanmar President Office
https://www.facebook.com/myanmarpresidentoffice.gov.mm
နိုင်ငံတော်သမ္မတ ထုတ်ပြန်သော အကျဉ်းသား ၈၃ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်   နိုင်ငံတော်သမ္မတ ထုတ်ပြန်သော အကျဉ်းသား ၈၃ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့် Reviewed by THITHTOOLWIN on 05:27 Rating: 5
Powered by Blogger.