ဗာနူအာကျွန်းနိုင်ငံတွင် ပြင်းအား ၆.၉ အင်အားရှိ ငလျင်လှုပ်ခတ်

တောင်ပစိဖိတ်ကျွန်းနိုင်ငံ ဗာနူအာကျွန်း မြေပုံအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)
    ပေကျင်း၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

    သြစတြေးလျတိုက်၏ အရှေ့မြောက်ဘက်ရှိ တောင်ပစိဖိတ်ကျွန်းနိုင်ငံ တစ်ခုဖြစ်သော ဗာနူအာ (Vanuatu) ကျွန်းနိုင်ငံ၌ ပြင်းအား ၆.၉ ရစ်ခ်ျတာစကေးရှိ ငလျင်တစ်ခု ဧပြီလ ၃ ရက် ပေကျင်းစံတော်ချိန် ညနေ ၄း၂၃ နာရီအချိန်၌ လှုပ်ခတ်ခဲ့ကြောင်း တရုတ်ငလျင်ကွန်ရက် စင်တာ အရသိရသည်။

ငလျင်ဗဟိုချက်မှာ တောင်လတ္တီကျု ၁၄.၂ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျု ၁၆၆.၈ ဒီဂရီတွင် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အစောပိုင်းသတင်းများအရ ငလျင်ပြင်းအားမှာ ၇ ရစ်ခ်ျတာစကေးရှိပြီး ဆူနာမီ သတိပေးချက် ထုတ်ပြန်ထား ကြောင်း သတင်းဋ္ဌာနအချို့က ဖော်ပြထားသည်။

(Xinhua)
http://www.xinhuamyanmar.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ