သင်္ကြန်နီးကာ သုံးဖြုန်းချင်သည့် လောဘစိတ်ကြောင့် လူသတ်လုယက်မှု ဖြစ်ပွား

လူသတ်လုယက်မှု ကျူးလွန်သူ(၂)ဦးအနက် (၁)ဦးအား အခင်းဖြစ်နေရာတွင် သက်သေခံ ဆိုင်ကယ်နှင့် အတူ ဖမ်းဆီးရမိပြီး ထွက်ပြေးသွားသည့် တရားခံအား အမှုဖွင့်ပြီး(၂)နာရီကျော်အကြာတွင် ပြန်လည်ဖမ်းဆီးရမိခဲ့ ။ သတင်း - ဓါတ်ပုံ ။။ ဘားအံသတင်း
ဘားအံ ဧပြီ ၁၀

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ သိမ်တော်ကြီးကုန်းလမ်းထိပ်တွင် ဆိုင်ကယ်တက္ကစီမောင်းသူတစ်ဦးအား ငှါးရမ်းသွားသည့် လူငယ်(၂)ဦးမှ ဧပြီလ (၁၀)ရက်နေ့  မွန်းလွှဲ(၃)နာရီကျော် အချိန်ခန့် တွင် ဘားအံမြို့ပြင် ထန်းကိုးပင်သုသာန် မရောက်မှီ ရဲသာကျေးရွာအုပ်စု၊ ခရစ်ကျေးရွာလမ်းခွဲ အရောက် ဆိုင်ကယ်ခဏရပ်ရန်ပြော၍ ရပ်ပေးစဉ် တက္ကစီမောင်းသူအား ဓားနှင့်ထိုးသတ်ကာ ဆိုင်ကယ်အား လုယူထွက်ပြေးခဲ့သွား ကြောင်းသိရသည်။

အဆိုပါ လူသတ်လုယက်သူများအား အသုဘပို့ဆောင်ရာမှ ပြန်လာသည့် အမှတ်(၁)ရပ်ကွက် ရာအိမ်မှူးဦးသန်းဝင်းနှင့် ကရင်ပြည်နယ် လက်ဝှေ့ ကျော်စောငမန်း အပါအဝင် ပတ်ဝန်းကျင်မှ လူငယ်များမှ ဝိုင်းဝန်း၍ လိုက်လံဖမ်းဆီးခဲ့ရာမှ (၁)ဦးမှာ သက်သေခံ ဆိုင်ကယ်၊ အသုံးပြုခဲ့သည့် ဓားနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကျန်တစ်ဦးမှာ ထွက်ပြေး လွတ်မြောက် သွားခဲ့ပါသည်။

အခင်းဖြစ်နေရာသို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ များ ရောက်ရှိလာပြီး ဖမ်းဆီးထားသည့် လူငယ်အား စစ်မေးရာ သားသားအောင်၊ ၁၈နှစ်၊ (ဘ)ဦးမောင်ငယ်၊ ကျဘမ်းလုပ်၊ အောင်းနန်း(၄)လမ်း၊ အမှတ်(၅)ရပ်ကွက်၊ ဘားအံမြို့နေသူ ဖြစ်ကြောင်း ထွက်ဆိုပြီး၊ ထွက်ပြေးသွားသူမှာ ကျော်ဇင်၊ ၁၉နှစ်ခန့်၊ အောင်နန်း(၃)လမ်း၊ အမှတ်(၅)ရပ်ကွက်၊ ဘားအံမြို့နေသူ ဖြစ်ကြောင်း သိရှိရသည်။

သတင်း - ဓါတ်ပုံ ။။ ဘားအံသတင်း
တရားခံအား ဘားအံမြို့မ ရဲစခန်းသို့ ခေါ်ဆောင်လာပြီး အသေးစိတ် စစ်ဆေးပေါ်ပေါက်ချက်အရ
ဖြစ်စဉ်မှာ (၁၀-၄-၂၀၁၆)ရက်နေ့ နေ့လည်ပိုင်း နာရီမမှတ်မိ အချိန်ခန့်တွင် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်နေ စောအောင်ဝင်း၊ ၅၀နှစ်(ဘ)ဦးရွှေဖိုး၊ တက္ကစီမောင်းသူမှာ သိမ်တော်ကြီး ကုန်းလမ်းထိပ်တွင်
ဂိတ်ထိုး၍ ခရီးသည်စောင့်ဆိုင်းနေစဉ် တရားခံ လူငယ်(၂)ဦးမှ ကြောင့်ကလာပ်စေတီသို့ လိုက်ပို့ရန် ငှါးရမ်းခဲ့ရာမှ ရဲသာကျေးရွာအုပ်စု၊ ခရစ်ကျေးရွာအဝင်လမ်းအရောက် ခဏရပ်ခိုင်း၍ ရပ်ပေးစဉ် အရိုးအသွား (၁၆)လက်မခန့်ရှိ ဓါးဦးချွန်နှင့် ထိုးသတ်ကာ ဆိုင်ကယ်အား လုယူထွက်ပြေးစဉ် ပတ်ဝန်းကျင်မှ လူများမြင်တွေ့သွား၍ လိုက်လံဖမ်းဆီးရာ ဆိုင်ကယ်အား ပစ်ချခဲ့ပြီး ထွက်ပြေးရာမှ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ မှာ လူငယ်သဘာဝ သင်္ကြန်နီးကာ သုံးဖြုန်းချင်သည့် လောဘစိတ်ကြောင့် ကျူးလွန်ခဲ့ရခြင်း ဖြစ်ကြောင်း ကနဦး စစ်ဆေးသိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ၏ ခယ်မဖြစ်သူ နော်တကောဖော၊ ၄၂နှစ်၊ (ဘ)ဦးစံသိန်း၊ သိမ်တော်ကြီးကုန်း၊ အမှတ်(၉)ရပ်ကွက်နေသူမှ ခယ်အိုဖြစ်သူ စောအောင်ဝင်းအား ဓားနှင့်ထိုးသတ်ကာ ဆိုင်ကယ်လုယူခဲ့သူ သားသားအောင်နှင့် တိမ်းရှောင်နေသည့် ကျော်ဇင်တို့(၂)ဦးအား အရေးယူပေးရန် ၁၀-၄-၂၀၁၆ရက်နေ့ညနေ(၃)နာရီ (၄၅)မိနစ်အချိန် တရားလိုပြုလုပ်၍ ဘားအံမြို့မရဲစခန်း၌ တိုင်ကြားခဲ့ရာ ဘားအံမြို့မရဲစခန်းမှ(ပ)၈၅/၂၀၁၆၊ပြစ်မှုပုဒ်မ ၃၀၂/၃၉၂ဖြင့် အမှုရေးဖွင့်ခဲ့ပြီး အမှုအား မြို့ မစခန်းမှူး ဒုတိယရဲမှူးသက်စိုးမှ စစ်ဆေးဆောင်ရွက်ခဲ့သည်။

အမှုမှ တိမ်းရှောင်နေသည့် တရားခံကျော်ဇင်အား ညနေ(၆)နာရီအချိန်တွင် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်အတွင်း၌ သက်ဆိုင်ရာမှ ဖမ်းဆီးရမိခဲ့သည့်အတွက် ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်
စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း (ဘားအံသတင်း facebook) မှာ ဖော်ပြထားချက် အရ သိရသည်။

By သစ်ထူးလွင်
သင်္ကြန်နီးကာ သုံးဖြုန်းချင်သည့် လောဘစိတ်ကြောင့် လူသတ်လုယက်မှု ဖြစ်ပွား သင်္ကြန်နီးကာ သုံးဖြုန်းချင်သည့် လောဘစိတ်ကြောင့် လူသတ်လုယက်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 07:00 Rating: 5
Powered by Blogger.