ယာဉ်တိမ်းမှောက်မှု့ ဖြစ်ပွါးခဲ့ရာ နှစ်ဦးသေ သုံးဦး ပြင်းထန်ဒဏ်ရာရရှိ


ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်း အမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန် - နေပြည်တော် အမြန်လမ်းမကြီးမိုင် တိုင်အမှတ် ၉၇/၂နှင့်၉၇/၃အကြားတွင် ဧပြီ ၁၁ရက် နံနက် ၉နာရီက ယာဉ်တိမ်းမှောက်မှု့ ဖြစ်ပွါးခဲ့ရာနှစ်ဦးသေ သုံးဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။

သတင်းအရ အခင်းဖြစ်နေရာသို့ မြို့ချောင်း အမြန်လမ်းမကြီး ရဲစခန်းမှ စခန်းမှုးဒုရဲမှုး ထွန်းထွန်းဦး တာဝန်ကျ တာဝန်မှုးရဲအုပ်သိန်းဗိုလ်နှင့် ရဲတပ်ဖွဲ့ဝင်များ မြို့ချောင်းအမြန် လမ်းမကြီး မီးသတ်စခန်းမှ လက်ထောက်ဦးစီး ဦးဇော်ရဲနိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှု စစ်ဆေးရာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း မအိဖြိုးသွယ် ၂၄နှစ် (ဘ)ဦးမျိုးနိုင် မြိုင်သာယာရပ်ကွက် သမိန်ဘရမ်းလမ်း မော်လမြိုင်မြို့နေသူ မောင်းနှင်သည့် ယာဉ်အမှတ် 4F/8095 PARADO ခဲရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကာ ကပ်တုံးများအား ဝင်ရောက်တိုက်မိပြီး တစ်ဘက်ယာဉ်ကျောသို့ ရောက်ရှိကာ တိမ်းမှောက်ခဲ့
သည်။

ယာဉ်တိမ်းမှောက်မှု့ကြောင့် ယာဉ်မောင်း မအိဖြိုးသွယ်တွင် ဦးခေါင်းနောက်စေ့ဖူးရောင် ဒဏ်ရာနား နှာခေါင်းတို့တွင် သွေးထွက် ဒဏ်ရာများရရှိကာ နေရာတွင် သေဆုံးယာဉ်ပေါ်ပါ ဒေါ်သန်းသန်းအေး ၅၅နှစ်(ဘ)ဦး
မောင်ဝင်းတွင် ဦးခေါင်းနောက် ဖူးရောင်ကွဲ အက်ပေါက်ပြဲ ဒဏ်ရာဖြင့် ဆေးရုံအရောက်တွင် သေဆုံးခဲ့ပြီး ဦးမျိုးနိုင် ၅၆နှစ်(ဘ)ဦးကျော်သန်း မြမာလာလမ်း မုဒုံမြို့နေသူတွင် ဦးခေါင်းဂျိုစောင်း ဖူးရောင်ဒဏ်ရာ (အတွင်းလူနာ စိုးရိမ်ရ) မယွန်းမြတ်ချယ်၁၆နှစ်(ဘ) ဦးမျိုးနိုင်မုဒုံမြို့နေသူတွင် ဦးခေါင်းဂျိုစောင်း ဖူးရောင်ဒဏ်ရာ ရင်ဘတ်အောင့်ဒဏ်ရာ(စိုးရိမ်ရအတွင်းလူနာ) မခင်အေးသန့်၂၀နှစ်(ဘ)ဦးမျိုးနိုင် မုဒုံမြို့နေသူတွင်ရင်ဘတ်အောင့် ယာလက်ကောက်ဝတ် ဖူးရောင်နာကျင်ဒဏ်ရာ နောက်ကျောပြင်အောင့်(အတွင်းလူနာစိုးရိမ်ရ) ဒဏ်ရာများ ရရှိကာ မြို့ချောင်းအမြန်လမ်းမကြီး ဆေးခန်းသို့ ပို့ဆောင်ခဲ့သည် ယာဉ်မှာရှေ့လေကမှန်ကွဲရှေ့မီးသီးများကွဲ အမိုးပိုင်းပိန်ချိုင့် ပျက်စီး၍ ရှေ့ခေါင်းပိုင်း ပိန်ချိုင့်ပျက်စီးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်မဆင်မခြင် မောင်းနှင်၍ တိမ်းမှောက်သေဆုံးသူ မအိဖြိုးသွယ်အား အရေးယူပေးပါရန် ရဲအုပ်သိန်းဗိုလ်မှ တရားလိုပြုလုပ်တိုင်တန်း၍ မြို့ချောင်းအမြန်လမ်းမကြီး ရဲစခန်းမှယာဉ်(ပ)၃၆/၂၀၁၆ ပြစ်မှု့ပုဒ်မ၃၀၄-က /၃၃၇/၃၃၈အရ အမှု့ဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရ
သည်။

ခင်ကို(ကျောက်တံခါး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ယာဉ်တိမ်းမှောက်မှု့ ဖြစ်ပွါးခဲ့ရာ နှစ်ဦးသေ သုံးဦး ပြင်းထန်ဒဏ်ရာရရှိ  ယာဉ်တိမ်းမှောက်မှု့ ဖြစ်ပွါးခဲ့ရာ နှစ်ဦးသေ သုံးဦး ပြင်းထန်ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 17:45 Rating: 5
Powered by Blogger.