စစ်ကိုင်းတိုင်း အတွင်း နေအိမ် ၆၀ ပြိုကျကာ၊ အိမ်ခြေ ၈၀၀ ကျော် အမိုးအကာ ပျက်စီး

စစ်ကိုင်းတိုင်းအတွင်း လေပြင်းတိုက်ခတ်ကာ မိုးသီးများကြွေကျမှုကြောင့် ဘုရား စေတီတော်တစ်ဆူမှ စိန်ဖူးတော်နှင့် ထီးတော် ယိမ်းယိုင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

စစ်ကိုင်းတိုင်း အတွင်း လေပြင်း တိုက်ခတ်ကာ မိုးသီးများ ကြွေကျမှုကြောင့် နေအိမ် ၆၀ ပြိုကျကာ၊ အိမ်ခြေ ၈၀၀ ကျော် အမိုးအကာ ပျက်စီး

    ရန်ကုန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

    စစ်ကိုင်း တိုင်းဒေသကြီးတွင် မိုးသက်လေပြင်း တိုက်ခတ်ကာ မိုးသီးများ ကြွေကျခဲ့မှုကြောင့် ရေဦး မြို့နယ် အတွင်းရှိ လူနေအိမ် ၆၀ ပြိုကျကာ၊ အိမ်ခြေ ၈၀၀ ကျော် အမိုးအကာ ပျက်စီးခဲ့ကြောင်း အဆိုပါ မြို့နယ်ရှိ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု ၆၂ အုပ်စု၊ ကျေးရွာပေါင်း ၈၀ ခန့်က အိမ်ထောင်စု ၉၀၀ ကျော် နေထိုင်သော လူနေအိမ် ၄၂ လုံး ယိမ်းယိုင်ကာ ၈၀၀ ကျော် အမိုးအကာများ ပျက်စီးခဲ့ပြီး နေအိမ် ၆၀ လုံး ပြိုကျခဲ့သည်။

အဆိုပါ လေပြင်းကြောင့် သာသနိက အဆောက်အဦများ ဖြစ်သည့် ဘုရားစိန်ဖူးတော်နှင့် ထီးတော် ၃၄ ခု ယိမ်းယိုင်၍ ထီးတော် ၁၄ ခု မြေခခဲ့ပြီး အခြေခံပညာမူလ တန်းကျောင်း ၃၂ ကျောင်းနှင့်  အခြေခံပညာ အထက်တန်း စာသင်ကျောင်း တစ်ကျောင်း ပျက်စီးခဲ့ကြောင်း၊ စပါးတိုက်နှစ်လုံး အမိုးလန်ခြင်း၊ ဓာတ်မီးတိုင် ၁၉ တိုင် ကျိုးကျခြင်း၊ ဘုန်းတော်ကြီး ကျောင်းဆောင်ပေါင်း ၂၀ အမိုး လန်ကာ ဘုန်းတော်ကြီး ကျောင်းရှိ အဆောက် အဦ ၂၄ လုံး ပြိုကျခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
စစ်ကိုင်းတိုင်း အတွင်း နေအိမ် ၆၀ ပြိုကျကာ၊ အိမ်ခြေ ၈၀၀ ကျော် အမိုးအကာ ပျက်စီး  စစ်ကိုင်းတိုင်း အတွင်း နေအိမ် ၆၀ ပြိုကျကာ၊ အိမ်ခြေ ၈၀၀ ကျော် အမိုးအကာ ပျက်စီး Reviewed by THITHTOOLWIN on 17:34 Rating: 5
Powered by Blogger.