နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ သမ္မတဦးထင်ကျော်လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်ထံ ပြန်လည်ပေးပို့


ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ် ရပ်က အတည်ပြု လိုက်သည့် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်ဆိုင်ဥပဒေအား ပြည်ဖောင်စုလွှတ် တော် နာယကမှတဆင့် နိုင်ငံတော်သမ္မတထံ ပေးပို့ခဲ့ပြီး သမ္မတ ဦးထင်ကျော်က လက်မှတ်ရေး ထိုးကာ ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေး ပို့ပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

သမ္မတအိမ်တော်တွင် တရုတ်နိုင်ငံခြားရေးဝန် ကြီး မစ္စတာ ဝမ်ရိကလည်း '' ယခုလို နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ခန့်အပ်နိုင်ခြင်းအပေါ် ဝမ်းမြောက်ဂုဏ်ယူပါတယ်'' ဟု ပြောကြားခဲ့ သေးသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်မှုရှိခဲ့သော်လည်း မဲခွဲဆုံးဖြတ်မှု အကြိမ် ကြိမ်ပြုလုပ်၍ အတည်ပြု နိုင်ခဲ့သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူ မည်ဖြစ် သည်။

သတင်း- ဓါတ်ပုံ-ကိုပေါက်

The Ladies News
https://www.facebook.com/News.TheLadies
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ သမ္မတဦးထင်ကျော်လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်ထံ ပြန်လည်ပေးပို့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ သမ္မတဦးထင်ကျော်လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်ထံ ပြန်လည်ပေးပို့ Reviewed by THITHTOOLWIN on 18:00 Rating: 5
Powered by Blogger.