အစိုးရဘတ်ဂျက်အား ပြန်လည်သုံးသပ်ရန် ပိုမိုစေ့စပ်စွာ စစ်ဆေးမည်ဟု ဆို


ယခု ဘဏ္ဍာနှစ်အတွက် အစိုးရဘတ်ဂျက်တွင် လိုငွေ ကျပ် သုံးထရီလီယံ ရှိနေပြီး ပြီးခဲ့သည့် လွှတ်တော်သက်တမ်း အတွင်း ရေးဆွဲ အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် လွှတ်တော်သည် ဘဏ္ဍာနှစ် ကုန်ဆုံးချိန် နီးကပ်လာသည့် မတ် (သို့) ဧပြီတွင် ဘတ်ဂျက် ဥပဒေကြမ်း တင်သွင်းကာ ဆွေးနွေးမှုများ ပြုလုပ်ပြီး အတည်ပြုလေ့ရှိသည်။ အစိုးရသစ်အတွက် ဘတ်ဂျက်ကို သက်တမ်းကုန်ဆုံးတော့မည့် လွှတ်တော်ဟောင်းက ဆောစီးစွာ အတည်ပြုပြီး အသင့်သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သူများက အစိုးရသစ်၏ လှုပ်ရှားမှုကို ကန့်သတ်ခဲ့ခြင်းဟု ဆိုနိုင်သည်။

အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီဝင်များသည် အစိုးရဘတ်ဂျက်ကို သင်္ကြန်အားလပ်ရက်တွင် အသေးစိတ် လေ့လာသုံးသပ်ကာ ပြုပြင်ရန် အကြံပြုချက်များကို လွှတ်တော်သို့ တင်သွင်းမည်ဟု ပြောကြားသည်။ သူရဦးရွှေမန်း ဦးဆောင်သည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်က ပြင်ဆင်ရန် (သို့) ပယ်ဖျက်ရန် လိုအပ်သည်ဟု ကော်မရှင်က အကြံပြုထားသည့် ဥပဒေ ၁၄၂ ခုတွင် ဘတ်ဂျက်နှင့် အမျိုးသား စီမံကိန်း ဥပဒေများလည်း ပါဝင်သည်။

အချို့ဥပဒေများမှာ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရေးဆွဲပြပဋ္ဌာန်းထားသော်လည်း လက်တွေ့အသက်ဝင်ရန် နည်းဥပဒေများ ရေးဆွဲခြင်း၊ အမိန့်ကြေညာချက် ထုတ်ပြန်ခြင်းတို့ မရှိဘဲ အချို့ဥပဒေများမှာ လက်ရှိအခြေအနေများနှင့် သင့်လျော်မှု မရှိတော့ဟု ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြသည်။ ဘတ်ဂျက်လိုငွေများပြားခြင်းက အိမ်ခြံမြေဈေးနှုန်းနှင့် ငွေကြေးဖောင်းပွမှုကို မြင့်မားစေသဖြင့် NLD အစိုးရအနေဖြင့် ထိုပြသ၁နာကို ဖြေရှင်းရန် လိုအပ်လျက်ရှိသည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

KHTun
The Ladies News
https://www.facebook.com/News.TheLadies
အစိုးရဘတ်ဂျက်အား ပြန်လည်သုံးသပ်ရန် ပိုမိုစေ့စပ်စွာ စစ်ဆေးမည်ဟု ဆို  အစိုးရဘတ်ဂျက်အား ပြန်လည်သုံးသပ်ရန် ပိုမိုစေ့စပ်စွာ စစ်ဆေးမည်ဟု ဆို Reviewed by THITHTOOLWIN on 04:31 Rating: 5
Powered by Blogger.