အိန္ဒိယနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာ စစ်တွေမြို့မှာ ထုတ်ပေးမည်

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Gautam Mukhopadhaya ကို ဧပြီလ ၁၀ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ တွေ့ရစဉ်။ Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ်မှာ ကုလားတန်မြစ်ကြောင်း စီမံကိန်းပြီးစီးသွားတဲ့အခါ အိန္ဒိယနိုင်ငံကို ပြည်ဝင်ခွင့်ဗီဇာတွေကို စစ်တွေမြို့မှာရှိတဲ့ အိန္ဒိယကောင်စစ်ဝန်ရုံးက တိုက်ရိုက် ထုတ်ပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံ အမတ်ကြီး Gautam Mukhopadhaya က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တွေမြို့ကိုရောက်ရှိလာတဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးကို RFA က မေးမြန်းရာ မှာ သံအမတ်ကြီးက

"စစ်တွေမြို့မှာ အိန္ဒိယနိုင်ငံရဲ့ ကောင်စစ်ဝန်ရုံးရှိပါတယ်။ ကုလားတန်စီမံကိန်း ပြီးဆုံးသွားတဲ့ အချိန်ရောက်ရင် အိန္ဒိယနိုင်ငံကို သွားရောက်ဖို့အတွက် လိုအပ်တဲ့  ပြည်ဝင်ခွင့်ဗီဇာကို စစ်တွေမြို့မှာ ထုတ်ပေးသွားနိုင်မှာ ဖြစ်ပါတယ်"

လောလောဆယ်မှာ မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံကို ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားမယ်ဆိုရင် ရန်ကုန်မြို့မှာရှိတဲ့ အိန္ဒိယသံရုံးနဲ့ မန္တလေးမြို့မှာရှိတဲ့ အိန္ဒိယကောင်စစ်ဝန်ရုံးတွေကနေ လုပ်ဆောင်ကြရပါတယ်။

ကုလားတန်မြစ်ကြောင်းစီမံကိန်းမှာပါဝင်တဲ့ စစ်တွေ မြို့ဆိပ်ကမ်းနဲ့ ပလက်ဝမြို့ ဆိပ်ကမ်းတွေဟာ လာမယ့် ဇူလိုင်လမှာ လုပ်ငန်းပြီးစီးတော့မှာဖြစ် ပြီး မြန်မာအစိုးရလက်ကို လွှဲပြောင်းပေးအပ်မှာဖြစ်ပါတယ်။

ပလက်ဝဆိပ်ကမ်းကနေ အိန္ဒိယနိုင်ငံအထိ ဆက်သွယ်မယ့် မော်တော်ကား လမ်းကတော့ လာမယ့် ၂၀၁၉ ခုနှစ်လောက်မှာ ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
အိန္ဒိယနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာ စစ်တွေမြို့မှာ ထုတ်ပေးမည်  အိန္ဒိယနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာ စစ်တွေမြို့မှာ ထုတ်ပေးမည် Reviewed by THITHTOOLWIN on 00:49 Rating: 5
Powered by Blogger.