စိတ်ရိုင်းဝင်လာသည့် ကျား တိုက်ခိုက်ခံရသဖြင့် ကျားထိမ်း အမျိုးသမီးသေဆုံး


Updated Apr 16, 2016, 9:34 am IST

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ တောင်ပိုင်း တိရိစ္ဆာန်ဥယာဉ် မှာ သောကြာနေ့ က ၁၃ နှစ်အရွယ် ကျားထီးတကောင် စိတ်ရိုင်းဝင် လာပြီးတဲ့နောက် အစာပုံမှန်ကြွေးနေသူ ကျားထိမ်းStacey Konwiser စတေစီ ကွန်ဝစ်ဆာ အသက်(၃၈)နှစ်ကို တိုက်ခိုက်ခဲ့လို့  ကျားကိုက်ဒဏ်ရာ နဲ့  သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေ အတည်ပြုပြောကြားခဲ့ပါတယ်။


စတေစီ ဟာ တောရိုင်းသတ္တ၀ါတွေကို မွေးခါစအရွယ်ကစ နို့ တိုက်မွေးလာခဲ့သူ
တိရိစ္ဆာန်ဥယာဉ် ၀န်ထမ်းတဦးဖြစ်ပြီး လာရောက်ကြည့်ရူ့ ကြတဲ့ သူတွေကို ယာဉ်ပါးနေတဲ့  ကျားတွေနဲ့  တရင်းတနီး နေထိုင်ပြနေသူလည်းဖြစ်ပါတယ်။


ဖလော်ရီဒါ ရဲတပ်ဖွဲ့ ကတော့ ခုလိုဖြစ်ရတဲ့ အကြောင်းအရင်း ကို စစ်ဆေးဘို့  လုပ်ဆောင်နေကြပါတယ်၊ တောရိုင်းသတ္တ၀ါတွေဟာ မိတ်လိုက်ချိန် အစား မစား ရတဲ့အချိန်နဲ့  ရာသီဥတုဖေါက်ပြန်ချိန်မှာ စိတ်ရိုင်းဝင်လာပြီး အနားမှာ ရှိတဲ့ သူတွေကို တိုက်ခိုက်လေ့ရှိပါတယ်။

Tiger kills zookeeper: Lead keeper dies after encounter with cat
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
စိတ်ရိုင်းဝင်လာသည့် ကျား တိုက်ခိုက်ခံရသဖြင့် ကျားထိမ်း အမျိုးသမီးသေဆုံး  စိတ်ရိုင်းဝင်လာသည့် ကျား တိုက်ခိုက်ခံရသဖြင့် ကျားထိမ်း အမျိုးသမီးသေဆုံး Reviewed by THITHTOOLWIN on 20:58 Rating: 5
Powered by Blogger.