မန္တလေးမြို့တွင် ကွမ်းစားသုံးမှုပပျောက်ရေးစီမံချက် အဆင့်လိုက် ဆောင်ရွက်သွားမည်


မန္တလေး ဧပြီ ၁၉

မန္တလေးမြို့တော် သန့်ရှင်းသာယာ လှပစေရေးနှင့် အများပြည်သူ ကျန်းမာရေးအတွက် ကွမ်းစားသုံးမှု နှင့် စည်းကမ်းမဲ့ကွမ်းတံတွေးထွေး ခြင်းများ ကျဆင်းပပျောက်ရေးအတွက် စီမံချက်ချမှတ်ကာ အဆင့်လိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီ မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

''ကွမ်းစားခြင်းက ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေပါတယ်။ ကွမ်း တံတွေးကြောင့် ပတ်ဝန်းကျင်သန့်ရှင်း မှုကို အမြင်မတင့်တယ်သလို ကွမ်း စားခြင်းကြောင့် ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် စီမံချက်တွေ အဆင့်ဆင့်ရေးဆွဲပြီး ပပျောက်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကွမ်းလုပ်ငန်းနဲ့ ဆက်စပ် သူတွေရဲ့ အလုပ်အကိုင်အခွင့်လမ်းနဲ့ စားဝတ်နေရေးတွေကိုလည်း ထည့် သွင်းစဉ်းစားပေးရမှာ ဖြစ်ပါတယ်''ဟု ၄င်းကပြောသည်။

ယင်းကဲ့သို့ စီမံချက်ဖြင့် ဆောင် ရွက်ရာတွင် ပထမအဆင့်အနေဖြင့် မြို့နယ်အလိုက် ကွမ်းယာဆိုင်၊ ကွမ်း ရွက်၊ ကွမ်းသီး၊ ကွမ်းနှင့် ပတ် သက်သည့် ဆက်စပ်ပစ္စည်းအရောင်း ဆိုင်စာရင်းများ အတိအကျ ကောက်ယူရန်၊ ဒုတိယအဆင့်တွင် ကျန်းမာရေးဖြစ်ပြီး ကွမ်းယာကြောင့် ဖြစ်တတ်သည့် ရောဂါများကို အသိ ပညာပေးဟောပြောခြင်း၊ အိန္ဒိယ နိုင်ငံမှ ဝင်ရာက်လာသည့်ကွမ်းပစ္စည်း များ တားဆီးခြင်း၊ ရုံးများ၊ ဆေးရုံ၊ ဆေးခန်း၊ ရုပ်ရှင်စသည့် အများ ပြည်သူနှင့်သက်ဆိုင်သည့် နေရာများ တွင် ကွမ်းမစားရ အသိပညာပေးခြင်း၊ ပညာပေးစာစောင်များ ကပ်ခြင်း၊ ရုပ်ရှင်/ဗီဒီယိုများမှ ထည့်သွင်း ကြေညာခြင်း၊ ဥပဒေစည်းကမ်း များ သတ်မှတ်ခြင်း၊ ပညာပေးကာလ နှင့် အရေးယူကာလများ သတ်မှတ် ခြင်းတို့ဖြစ်သည်။

ထို့အပြင် တတိယအဆင့်တွင် မြို့နယ်/ရပ်ကွက်အလိုက် ကွမ်းစား သုံးသူကင်းစင်မှု ကြေညာခြင်း၊ အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း အတွက် ဂုဏ်ပြုချီးမြှင့်ခြင်းများဖြစ် ပြီး ပါဝင်ပူးပေါင်းလုပ်ဆောင်ရမည့်အဖွဲ့အစည်းများမှာ ပြည်သူ့ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့တော်စည်ပင်၊ ကျန်းမာရေးဌာန၊ စိုက်ပျိုးရေးဌာန၊ ပညာရေးဌာန၊ စီးပွား/ကူးသန်းနှင့် လူမှုရေးအဖွဲ့ အစည်းများဖြစ်ကြောင်း သိရသည်။ မြို့ခံတစ်ဦးဖြစ်သူ ဒေါ်မိုးမြေကလည်း ''ကွမ်းစားတာကို ပညာပေးဖို့ အောက်ခြေဒေသခံတွေအထိ ပါဝင်ဖို့ လိုတယ်။ ကွမ်းမစားတဲ့ ကောင်းကျိုး ကိုသိအောင် ပညာပေးရမယ်။ အခြေခံ ပညာကျောင်းများကစပြီး ကွမ်းစား ခြင်းဆိုးကျိုးတွေကို သရုပ်ပြပညာပေး မှုတွေနဲ့ ကွမ်းနဲ့ပတ်သက်တဲ့ စီးပွား ရေးလုပ်သူတွေကို တခြားအလုပ် အကိုင်အခွင့်အလမ်းတွေရှာဖွေပေးရမှာပါ''ဟု အကြံပြုပြောကြားသည်။

ကွမ်းစားသုံးခြင်းသည် ရိုးရာ ထုံးတမ်းအစဉ်အလာအရ ရှေးနှစ် ပေါင်းများစွာကတည်းက ရှိခဲ့သဖြင့် ၄င်းဓလေ့ ပပျောက်ရေးအတွက် အတိုင်းအတာတစ်ခုအထိ အချိန်ယူ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ် ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)
The Mirror Daily
https://www.facebook.com/TheMirrorDaily
မန္တလေးမြို့တွင် ကွမ်းစားသုံးမှုပပျောက်ရေးစီမံချက် အဆင့်လိုက် ဆောင်ရွက်သွားမည်  မန္တလေးမြို့တွင် ကွမ်းစားသုံးမှုပပျောက်ရေးစီမံချက် အဆင့်လိုက် ဆောင်ရွက်သွားမည် Reviewed by THITHTOOLWIN on 07:18 Rating: 5
Powered by Blogger.