အမေရိကန် ပြည်နယ် ၅ ခု အကြိုရွေးပွဲကျင်းပ

 ဇနီးအတွက် ကူညီမဲဆွယ်နေတဲ့ သမ္မတဟောင်း ဘီလ်ကလင်တန်
အမေရိကန် သမ္မတ ရွေးကောက်ပွဲ မှာ အဓိက ပါတီကြီး နှစ်ခု ကို ကိုယ်စားပြုပြီး ဘယ်သူ သမ္မတ လောင်း ဖြစ်မလဲ ဆိုတာကို ပြည်နယ် လိုက် ရွေးချယ် နေကြပါတယ်။

နောက်ဆုံး ပြုလုပ် ခဲ့တဲ့ ပြည်နယ် ၅ ခု စလုံးမှာ ရီပတ်ဘလစ်ကန် ပါတီ အတွက် အနိုင်ရ ခဲ့တဲ့ ဒေါ်နယ်လ် ထရမ့်က သူ့ကို ရီပတ်ဘလစ်ကန် ပါတီ သမ္မတ လောင်း အဖြစ် ယူဆ နိုင်နေပြီ လို့ ကြွေးကြော် လာ ပါတယ်။

ပြည်နယ် ၅ ခု စလုံးမှာ အောင်ပွဲ ခံခဲ့တဲ့ ကုဋေကြွယ် သူဌေး ဒေါ်နယ်လ် ထရမ့် က လာမယ့် ဇူလိုင် လမှာ ကျင်းပ မယ့် ရီပတ်ဘလစ်ကန် ပါတီ ညီလာ ခံ မတိုင်ခင် ပြည့်မီရမယ့် သူ့ ကို ထောက်ခံကြတဲ့ ကိုယ်စားလှယ် အရေအတွက် ကို ရဖို့ ပိုမို နီးစပ် လာပါတယ်။

ဒါ့ကြောင့်လည်း သူ့ကိုယ်သူ ရီပတ်ဘလစ်ကန် သမ္မတ လောင်း အနေနဲ့ ယူဆ နေပြီ လို့ မစ္စတာ ထရမ့်က သူ့ကို ထောက်ခံကြသူတွေ ကို နယူးယောက် မှာ ရှိတုန်း ပြော သွားတာပါ။

ဒါ့အပြင် သူ အဝေဖန် ခံနေရတဲ့ လူဝင်မှု ဆိုင်ရာ တင်းကျပ်ဖို့ အပြောအဆို တွေ အပါအဝင် အငြင်းပွားဖွယ်ရာ မူဝါဒ တွေ နဲ့ ပတ်သက်ပြီး သူ သမ္မတ လောင်း ဖြစ်လာပြီ ဆိုရင်လည်း ပျော့ပျောင်း သွား မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

သူ့ရဲ့ ပြောဟန် ဆိုဟန် တွေ ၊ အယူအဆ တွေ ကြောင့်လည်း အခုလို အခြေ အနေ မျိုး အထိ သူ ရောက် လာနိုင်တာ ဖြစ်တယ် လို့ ဒေါ်နယ်လ် ထရမ့် က ပြောခဲ့ ပါတယ်။

ပြည်နယ် ၅ ခု အောင်ပွဲဟာ ဒေါ်နယ် ထရမ့် အတွက် အကြီးအကျယ် အောင်ပွဲ ဖြစ်ပြီး ပြိုင်ဘက် တက္ကဆက် အထက် လွှတ်တော် အမတ် တက်ဒ် ခရုဇ် ကို အရှိန်ပြင်းပြင်း ထပ်ပြီး ချေမှုန်း ပစ် သလို မျိုး ပဲ လို့ ဘီဘီစီ သတင်းထောက် အန်ထနီ ဇာရ်ချာ က ပြောပါတယ်။

အမေရိကန် သမ္မတ လောင်း ဖြစ်ဖို့ မဲဆွယ် တဲ့ ကာလ တလျောက် ပြည်နယ် ရွေးကောက်ပွဲ တွေ တလျှောက် လုံးမှာ ဒေါ်နယ်လ် ထရမ့် ရဲ့ အောင်မြင် မှု တွေ တနည်းနည်း နဲ့ အရှိန် တန့် သွား မှာပဲ ဆိုပြီး လေ့လာ သုံးသပ် သူတွေ က အမျိုးမျိုး ဟောကိန်း တွေ ထုတ် ခဲ့ ကြပါတယ်။

ဒါပေမဲ့ အခု အချိန် မှာတော့ ဒေါ်နယ်ထရမ့် အနေနဲ့ မဲ အားလုံးရဲ့ ၅၀ % ကို လွယ်လွယ် နဲ့ ရသွား နိုင်မယ့် အနေအထား ဖြစ်နေပြီ လို့လည်း အန်ထနီ ဇာရ်ချာ က ဆိုပါတယ်။
ကလင်တန်

ဒီ မို ကရက် ပါတီ ဘက်ကို ကြည့်ရင်လည်း ထိပ်ကနေ ပြေး နေတဲ့ ဟီလာရီ ကလင်တန် က ပြည်နယ် ၅ ခု ထဲမှာ ရုဒ်ကျွန်း ပြည်နယ်က လွဲပြီး ပြည်နယ် ၄ ခု မှာ အနိုင် ရ ပါတယ်။

ရုဒ်ကျွန်း မှာတော့ မစ္စစ် ကလင်တန် ရဲ့ ပြိုင်ဘက် ဆိုရှယ် ဒီမိုကရက် တဦး ဖြစ်တဲ့ ဘာနီ ဆဲန်ဒါးစ် က အနိုင်ရပါတယ်။

ဟီလာရီ ကလင်တန် က တော့ အမေရိကန် မဲ ဆန္ဒ ရှင် တွေကို ဒီမိုကရက် ပါတီ ကို အားပေး ကြဖို့ အခု လို ပြောပါတယ်။

သူ့ကို ဖြစ်ဖြစ်၊ မစ္စတာ ဆဲန်ဒါးစ်ကို ဖြစ်ဖြစ် ထောက်ခံ ကြမယ် ဆို ရီပတ်ဘလစ်ကန် တွေကို အားပေး ထားထက် ပိုပြီး အမေရိကန် ပြည်ထောင်စုကို စုစည်း ညီညွတ် စေနိုင်မှာ ဖြစ်တယ် လို့ ပြောသွားတာပါ။

အခု အခြေအနေ မှာတော့ မစ္စတာ ထရမ့် ကို အရှိန် တန့် နိုင်ဖို့ ဆိုရင် ကိုယ်စားလှယ် ၅၇ နေရာ ရှိတဲ့ အင်ဒီယားနား ပြည်နယ် ရွေးကောက်ပွဲ မှာ မစ္စတာ ထရမ့် ရဲ့ ပြိုင်ဘက် တွေ အာရုံစိုက် ကြိုးစား ရမှာ ဖြစ်တယ် လို့ စောင့်ကြည့် သူတွေ က သုံးသပ် ထားကြပါတယ် ။

BBC Burmese
http://www.bbc.com/burmese
အမေရိကန် ပြည်နယ် ၅ ခု အကြိုရွေးပွဲကျင်းပ  အမေရိကန် ပြည်နယ် ၅ ခု အကြိုရွေးပွဲကျင်းပ Reviewed by THITHTOOLWIN on 21:37 Rating: 5
Powered by Blogger.